DVB Logo
Home
မြန်မာသတင်း
ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော
DVB
·
September 22, 2018
ဟန်ချက်ပျက်လွှတ်တော်ကို ၀င်ထိန်းနိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲပြိုင်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော
Donate to DVB

ဟန်ချက်ပျက်နေတဲ့ လွှတ်တော်ကို အတိုင်းအတာတခုထိ ၀င်ထိန်းဖို့အတွက် ရည်ရွယ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ရတာလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ အမှတ်​ ၁၈ ရပ်​ကွက်​ လူထု ဟစ်​တိုင်​ကွင်းမှာ ကျင်းပတဲ့ လူထု​တွေ့ဆုံပွဲမှာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေး နှင့် ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ ဦးသန်း​ဌေးက ပြောကြားလိုက်တာပါ။

“ဒီ​နေ့ လွှတ်​​တော်​တခုလုံး အမတ်​ ၆၀၀ ​လောက်​ရှိတဲ့အထဲမှာ ၁၀ ​နေရာ​လောက်​ ဘာ​ကြောင့်ဝင်​ပြိုင်​ရသလဲဆိုရင်​ ဟန်​ချက်​ပျက်​​နေတဲ့ လွှတ်​​တော်​ကို အတိုင်းအတာတခုအထိ ဝင်​ထိန်းသွားခြင်​တာရယ်​၊ ကျ​နော်​တို့ပါတီက အမျိုးချစ်​တယ်​၊ အမျိုးအ​ပေါ်မှာ သစ္စာရှိတယ်​၊ အဲ့ဒီအတွက်​ တကမ္ဘာလုံးနဲ့ တန်းတူရည်​တူဆက်​ဆံတယ်​။ မြန်​မာတို့ရဲ့ဇာတိ​သွေး၊ ဇာတိမာန်​၊ ဇာတိဂုဏ်၊​ အမျိုးဂုဏ်​ကို ပြည်​ခိုင်​ဖြိုးပါတီတာဝန်​ယူတဲ့အခါမှာ မညှိုးနွမ်း​စေရဘူး၊ ကျ​နော်​တို့ပါတီကိုသာ မဲ​ပေးပြီး တာဝန်​ပြန်​​ပေးပါ၊ တာဝန်​ပြန်​​ပေးတဲ့အချိန်​ကစပြီး ဂုဏ်​သိက္ခာရှိတဲ့ မြန်​မာနိုင်​ငံသား​တွေအဖြစ်​ ပြန်​လည်​ရပ်​တည်​နိုင်​စေရမယ်။”

ကြားဖြတ်ရွေးကောက်ပွဲမှာ မြင်းခြံမြို့နယ်​ကနေ ၀င်ပြိုင်မယ့် ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​​လောင်း ​ဒေါက်​တာသန်းဝင်းက "ခုလို လူထုနဲ့တွေ့ဆုံရတာဟာ ပြည်​သူ​တွေ မဲ​ပေးရမှာ သိ​အောင်​လို့ပါ၊ ​ကျနော်​​တို့ပါတီရဲ့ လုပ်​​ဆောင်​ချက်​ စွမ်း​ဆောင်​ချက်​​တွေက ဘာနဲ့မှ နှိုင်းယှဉ်​လို့မရပါဘူး။ ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ၁၀၀ ရာခိုင်​နှုန်းအထိ ​မျှော်​လင့်ထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

လူထုတွေ့ဆုံပွဲ အခမ်းအနားကို လူဦးရေ ၁၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ မြင်းခြံမြို့နယ်​မှာ​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၁၃၅၉ ဦးရှိပြီး မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်​ပါတယ်​။

နိုင်ငံတ၀န်း ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက လစ်လပ်မဲဆန္ဒနေရာ ၁၃ နေရာအနက် ၁၀ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သတင်း ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013