DVB Logo
Home
မြန်မာသတင်း
GAP စနစ်​ဖြင့် စိုက်​ပျိုးထုတ်​လုပ်​သည့် နှမ်းသီးနှံ​များကို ပြည်​ပတင်​ပို့နိုင်​ရန်​ ​ဆောင်​ရွက်
DVB
·
September 22, 2018
GAP စနစ်​ဖြင့် စိုက်​ပျိုးထုတ်​လုပ်​သည့် နှမ်းသီးနှံ​များကို ပြည်​ပတင်​ပို့နိုင်​ရန်​ ​ဆောင်​ရွက်
Donate to DVB

မ​ကွေးတိုင်း စိုက်​ပျိုး​ရေးဦးစီးဌာနနဲ့ NAP အစုအဖွဲ့တို့ပူး​ပေါင်းကာ GAP စနစ်​နဲ့ စိုက်​ပျိုးထုတ်​လုပ်​တဲ့ နှမ်းသီးနှံ​တွေကို ​ဈေးကွက်​ခိုင်​မာမှုရှိပြီး ပြည်​ပတင်​ပို့နိုင်​ဖို့ ​ဆောင်​ရွက်​​နေပါတယ်။

စိုက်​ပျိုး​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးခင်​​မောင်​ဝင်းက “ပက်​မြန်​မာနဲ့တန်​တစ်​ရာ၊​ အောင်​ကျွန်းသာ ကုမ္ပဏီနဲ့ တန်​တစ်​ရာ ဝယ်​ယူဖို့ သ​ဘောတူ စာချုပ်​ချုပ်​ပြီး ဝယ်​ယူ​နေပါပြီ။ စိုက်​ပျိုး​ရေးဦးစီးဌာနနဲ့ အကျိုး​ဆောင်​ ကုမ္ပဏီတခု ပူ​ပေါင်းပြီး GAP နှမ်းတင်း ၁၅၀ဝ ဝယ်​ယူထားပါတယ်​။ ဝယ်​ယူထားတဲ့ နှမ်းနက်​​တွေကို စက်​တင်​ဘာ ၁၇ ရက်​​နေ့က မ​ကွေး မြို့​တော်​ခန်းမမှာ ​လေလံတင်​​ရောင်းချခဲ့ပါတယ်​။ ရွှေ​တော်​ဝင်​ ကုမ္ပဏီက တစ်​တင်းကို ၇၉၅၀၀ ကျပ်​နဲ့ ၈၈ တင်း ​လေလံ​အောင်​သွားတယ်​။ ပြည်​တွင်းမှာ အ​ရောင်းအဝယ်​ မဖြစ်​ရင်​လည်း အ​ထောက်​ထားကင်းလွှတ်​ခွင့်​ရယူပြီး အိတ်​စပို့ ကုမ္ပဏီတခုနဲ့ ချိတ်​ဆက်​ပြီး ဂျပန်​နိုင်​ငံကို တင်​ပို့ ​ရောင်းချမှာပါ” လို့ ပြောပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ် ​မှတ်​တမ်း​ ပြလိုက်​ရုံနဲ့ ​ဈေး ၂၀၀၀ ကျပ်​​လောက်​ပိုရရှိပြီး ဆီစက်​​တွေက ရွာ​တွေထိ ဆင်းဝယ်​​နေတဲ့အတွက်​ သယ်​ယူစရိတ်​၊ အလုပ်​သမားခ၊ ပွဲခ​တွေသက်​သာပြီး ၁ တင်းကို ​ ၄၀၀၀ ​ကျပ်​​လောက်​ အကျိုးခံစားရတယ်​လို့ ဆိုပါတယ်​။

GAP နှမ်းစိုက်​​တောင်​သူတ​ဦးဖြစ်​တဲ့ ကိုဝင်း​ဇော်​နိုင်​က “ဈေးကွက်​​ဖော်​​ဆောင်​ဖို့ စီမံကိန်းက ဆရာ​တွေက ချိတ်​ဆက်​​ပေးတာပါ။ ကိုရီးယားတင်​ပို့မယ့် ကုမ္ပဏီတခုနဲ့ နှမ်းဖြူ တန် ၅၀၀ စာချုပ်​ချုပ်​ထားတယ်​။ အဖွဲ့အင်​အား​ကောင်း​လေ ​တောင်​သူ​တွေအတွက်​ အကျိုးမြတ်​ရ​လေ ဖြစ်​တဲ့အတွက်​ အဖွဲ့ဝင်​များလာလိမ့်​မယ်​” လို့ ပြောပါတယ်​။

မကြီးကန်​ ​ကျေးရွာက ​တောင်​သူ ဦးညီစိုးက “ကျနော်တို့စိုက်​တဲ့နည်းနဲ့ GAP စနစ်​နဲ့မကွာ​ပေမယ့် မှတ်​တမ်းမရှိဘူး။ GAP နဲ့ပတ်​သက်​တဲ့ ပညာ​ပေ ​ဆွေး​နွေးပွဲ​တွေ မကြာခဏ တက်​​ရောက်​ပြီး စိတ်​ဝင်​စားမရှိပါတယ်​” လို့ ဆိုပါတယ်​။

GAP စိုက်​ပျိုး​ရေးနည်းစနစ်​ဟာ ​ကောင်းမွန်​တဲ့ နည်းစနစ်​နဲ့ စားသုံးသူ​ ဘေးကင်းလုံခြုံမှုရှိအောင်​ စိုက်​ပျိုးထုတ်​လုပ်​ကာ မှတ်​တမ်းမှတ်​ရာ ထားရှိတဲ့ စနစ်​ဖြစ်ပြီး မ​ကွေးတိုင်းမှာ ပဲ၊ နှမ်းကို အဓိကထား စိုက်​ပျိုးထုတ်​လုပ်​​နေပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013