DVB Logo
Home
မြန်မာသတင်း
တွံတေးဆေးရုံကြီး ဓာတ်မှန်ဌာန မီးအားမလုံလောက်၍ စက်ချို့ယွင်းမှု အမြန်လုပ်ပေးမည်
DVB
·
September 22, 2018
တွံတေးဆေးရုံကြီး ဓာတ်မှန်ဌာန မီးအားမလုံလောက်၍ စက်ချို့ယွင်းမှု အမြန်လုပ်ပေးမည်
Donate to DVB

တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနမှာ မီးအားမလုံလောက်မှုကြောင့် မကြာခဏ စက်ချို့ယွင်းနေမှု ပြဿနာ ကြုံတွေ့နေရတဲ့အတွက် ဓာတ်အားရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက တွံတေးမြို့နယ် ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးမှာ သတ်မှတ်ထားတဲ့ ဝန်ထမ်းအင်အား ပြည့်မီရေး၊ ဓာတ်ခွဲခန်းတွေ စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့တာပါ။။

“တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှတ်ဌာနမှာ ဓာတ်မှန်စက်အား ၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိရန် မြို့နယ် လျှပ်စစ်ကော်ပိုရေးရှင်းဌာနနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အကယ်၍ လျှပ်စစ်ဓာတ်အားကြောင့်မဟုတ်ဘဲ X ray စက်က သုံးမရဘူးဆိုရင်လည်း လဲလှယ်ပေးဖို့ ကြိုးစားသွားမည်ဖြစ်ပါတယ်။”

တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဓတ်မှန်စက် 100- MA Xray အား ၂၀၁၃ ခုနှစ် ဧပြီလမှာ ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အဆိုပါစက်မှာ မီးအား လုံလောက်မှုမရှိတာကြောင့် ဓတ်မှန်ရိုက်ရာတွင် မကြာခဏ စက်ပစ္စည်း ပျက်စီး ချို့ယွင်းမှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တွံတေးမြို့နယ်ပြည်သူ့ဆေးရုံဟာ ကုတင် ၅၀ ဆံ့ဆေးရုံဖြစ်ပြီး ဝန်ထမ်းအင်အား ခွင့်ပြု ၈၉ ဦး၊ ခန့်ထား ၃၃ ဦး၊ လစ်လပ် ၅၆ ဦးတို့နဲ့ လုပ်ငန်းဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013