DVB Logo
Home
မြန်မာသတင်း
စည်ပင် ပုတ်ပြတ်လုပ်သားများအတွက် ၀န်ထမ်းလိုင်းခန်းများ ဆောက်ပေးမည်
DVB
·
September 22, 2018
စည်ပင် ပုတ်ပြတ်လုပ်သားများအတွက် ၀န်ထမ်းလိုင်းခန်းများ ဆောက်ပေးမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ ပုတ်ပြတ်လုပ်သားတွေအတွက် ၀န်ထမ်းလိုင်းခန်းတွေကို တောင်ဥက္ကလာပမြို့နယ်မှာ ဆောက်လုပ်ပေးသွားမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တောင်ဥက္ကလာပမြို့နယ်မှာ ၃ ထပ် Steel structure အဆောက်အဦ ၄ လုံးကို တည်ဆောက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုပါတယ်။

တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာ၊ ပန်းဥယျာဉ်ဌာနမှ လုပ်သားတွေအတွက် ဆောက်ပေးထားတဲ့ ဝန်ထမ်းလိုင်းခန်းတွေဟာ ကျဉ်းမြောင်းပြီး ပျက်စီးနေလို့ ပြုပြင်တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ စက်တင်ဘာ ၂၁ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တဲ့အပေါ် မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“ရန်ကုန်စည်ပင်လုပ်သားတွေက အဓိကပန်းဥယျာဉ်မှမဟုတ်ဘူး၊ လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာနရယ်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနရယ်ဟာ နေရာတကျ တစုတဝေးတည်း ထားမှရတယ်။ ဒီစည်ပင်လုပ်သားတွေကို နိုင်ငံတော်က ပေးထားတဲ့ အခြေခံလစာ ၄၈၀၀ အပြင် ထောက်ပံ့ကြေးလည်း ပေးထားပါတယ်။ အဝတ်အစား စရိတ်ကအစ ပေးထားပါတယ်။ အဆင့်မြှင့်တင် တည်ဆောက်မှုအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာလည်း တောင်ဥက္ကလာပမြို့နယ် သုံးထပ် Steel structure အဆောက်အဦ ၄ လုံးကိုလည်း တည်ဆောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။”

တည်ဆောက်မယ့် ဝန်ထမ်းအိမ်ရာ အခန်းအကျယ်အဝန်းမှာ မိသားစုတပိုင်တနိုင် နေထိုင်စားသောက်ဖို့အတွက် ၁၂×၂၀ ပေ ရှိနိုင်ပြီး အခန်းပေါင်း ၆၆ ခန်းလောက် ရနိုင်တယ်လို့ သိရပါတယ်။

ပန်းဥယျာဉ်နဲ့ အားကစားလုပ်သားများဌာန တဌာနတည်းမှာ ပုတ်ပြတ်လုပ်သားပေါင်း ၁၅၅၇ ဦးရှိပြီး အိမ်ရာဝန်းအနေနဲ့ တောင်ဥက္ကလာမှာ အဆောက်အဦ ၂၅ လုံး၊ မြောက်ဥက္ကလာမှာ ၂ လုံး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၁ လုံး၊ ကမာရွတ်မြို့နယ်မှာ ၁၅ လုံး၊ ဒဂုံမြို့နယ်မှာ ၂ လုံး၊ မင်္ဂလာဒုံမြို့နယ်တွင် ၆ လုံး၊ သာကေတမြို့နယ်မှာ ၃၁ လုံး စုစုပေါင်း ၈၁ လုံး ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013