DVB Logo
Home
မြန်မာသတင်း
ရခိုင်က မသန်စွမ်းသူ ၉ဝဝဝ ကျော်အတွက် ငွေကျပ်သိန်း ၂၈ဝဝ ကျော် ထောက်ပံ့
DVB
·
September 22, 2018
ရခိုင်က မသန်စွမ်းသူ ၉ဝဝဝ ကျော်အတွက် ငွေကျပ်သိန်း ၂၈ဝဝ ကျော် ထောက်ပံ့
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူ ဦးရေ ၉ ထောင်ကျော်အတွက် ငွေကျပ်သိန်းပေါင်း ၂၈၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်နေ့မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

စစ်တွေမြို့ ဆရာတော်ဦးဥတ္တမခန်းမမှာ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ​တွေကို ထောက်ပံ့ငွေပေးခြင်းအခမ်းအနားမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မသန်စွမ်းသူပေါင်း ၁ သိန်းကျော်ရှိပြီး အခုလိုမျိုး ထောက်ပံ့ကူညီမှုတွေကို ပိုမိုပြုလုပ်သွားမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။

အခုပေးအပ်တဲ့ ထောက်ပံ့ငွေတွေကို အကြားအာရုံ ချို့ယွင်းသူ၊ ဦးနှောက်အာရုံ ချို့ယွင်းသူ၊ ကိုယ်ခန္ဓာကိုယ်​ ချို့ယွင်းသူနဲ့ အမြင်အာရုံချို့ယွင်းသူပေါင်း ၉၄၂၁ ဦးကို တဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီ ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူတွေထဲမှာ အမြင်အာရုံ ချို့ယွင်းသူတွေ များပြားနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောကြားခဲ့ပါတယ်။

သတင်း-ဓာတ်​ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013