DVB Logo
Home
မြန်မာသတင်း
၈ လကျော်အတွင်း ငလျင် ၁၁၀ ကြိမ် လှုပ်ခတ်ခဲ့၊ ယခင်နှစ်များထက် အကြိမ်ရေ ပိုများလာ
DVB
·
September 22, 2018
၈ လကျော်အတွင်း ငလျင် ၁၁၀ ကြိမ် လှုပ်ခတ်ခဲ့၊ ယခင်နှစ်များထက် အကြိမ်ရေ ပိုများလာ
Donate to DVB

မြန်မာနိုင်ငံမှာ ၈ လကျော်ကာလအတွင်း ငလျင်အကြိမ် ၁၁၀ လှုပ်ခတ်ခဲ့ကာ ပြီးခဲ့တဲ့နှစ်တွေထက် အကြိမ်ရေ ပိုများလာတယ်လို့ မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ စစ်တမ်းအရ ၂၀၁၈ ခုနှစ် ၉ လပိုင်း ၁၁ ရက်နေ့မှာအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကြိမ်ရေ ၁၁၀ အထိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေထက် သိသိသာသာမြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ““အရှေ့တောင်အာရှအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သဘာဘေးကျရောက်မှုမှာ ကျနော်တို့နိုင်ငံမှာ ဖြစ်နိုင်ခြေ အများဆုံးရှိတယ်လို့ တိုင်းတာထားတဲ့ အချက်ထဲမှာ ပါထားတယ်။ ကျနော်တို့နိုင်ငံရဲ့ ငလျှင်လှုပ်ခတ်မှု တိုင်းတာချက်သည် ၂၀၁၅ ခုနှစ်ရဲ့ ငလျင်လှုပ်ခတ်မှုက တနှစ်လုံးမှာ ၂၄ ကြိမ်ရှိခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ ၃၉ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ ၆၆ ကြိမ်အထိ တက်လာပါတယ်။ ပြီးတဲ့အခါမှာ အခု ကျနော်တို့ ၂၀၁၈ ခုနှစ်မှာတော့ လှုပ်ခတ်ပြီးတဲ့ ငလျင်က ၁၁၀ အကြိမ်ထိရှိပါတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်တဲ့ ဒေသတွေထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ မီးသတ်ယာဉ်တွေ၊ အထောက်အကူပြုယာဉ်တွေအတွက် အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ယူရို သန်း ၅၀ ဖိုး ဝယ်ယူဖြည့်တင်းထားတယ်လို့လည်း မီးသတ်ဦးစီးဌာနက ဆိုပါတယ်။

အဲဒီယာဉ်တွေကိုတော့ ငလျင်လှုပ်ခတ်မှု အမြင့်ဆုံး ဖြစ်ပေါ်နိုင်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့ကို အခြေယူပြီး တိုင်းနယ်ပြည်နယ်အသီးသီးမှာ ခွဲဝေချထားသွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ မီးသတ်ကား ၃ ထောင်ကျော်ရှိနေပြီး လွှတ်တော်ရဲ့ထောက်ခံချက်နဲ့ ယူရို သန်း၅၀ ချေးငွေနဲ့ ဝယ်ယူလိုက်တဲ့ ယူရို ၈ သိန်းတန် မီးသတ်ယာဉ်နဲ့ ကယ်ဆယ်ရေးယာဉ် ၇၅ စီးအပါအ၀င် စုစုပေါင်း အစီး ၄ ထောင်ကျော်အထိ ရှိလာမှာဖြစ်ပါတယ်။

သဘာဝဘေးနဲ့ပတ်သက်ပြီး ခံနိုင်ရည်စွမ်းအား သက်မှတ်ချက်မှာလည်း မြန်မာနိုင်ငံဟာ ခံနိုင်ရည်ရှိမှု အနည်းဆုံး နိုင်ငံတွေထဲမှာ အဆင့် ၂ နေရာမှာ ရှိနေတယ်လို့လည်း မီးသတ်ဦးစီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013