DVB Logo
Home
မြန်မာသတင်း
ဒေါ်လာလေပတ်ကားရောင်းဝယ်မှုများရှိနေသဖြင့် ဒေါ်လာငွေစီးဆင်းမှုကို အစိုးရစိစစ်နေ
DVB
·
September 21, 2018
ဒေါ်လာလေပတ်ကားရောင်းဝယ်မှုများရှိနေသဖြင့် ဒေါ်လာငွေစီးဆင်းမှုကို အစိုးရစိစစ်နေ
Donate to DVB

မြန်မာပြည်တွင်းမှာ အမေရိကန်ဒေါ်လာကို လေပတ်ကားရောင်းဝယ်မှုတွေ ရှိလာပြီး အစိုးရအနေနဲ့ ဒေါ်လာငွေကြေးစီးဆင်းမှုကို စိစစ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက် ဒီညနေ သမ္မတရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဒေါ်လာဈေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ အစိုးရက ဘက်ပေါင်းစုံက လုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။

“အရင်ခေတ်ကဆိုရင် အမေရိကန်ဒေါ်လာဈေးတက်လာရင် ပြည်တွင်းမှာ ဒေါ်လာအရောင်းအ၀ယ်လုပ်နေတဲ့ လူ ၁၀ ယောက်လောက်ကို ခေါ်ယူစစ်မေးလိုက်တဲ့အခါ ဒေါ်လာဈေးကျသွားလေ့ရှိတယ်။ အခုကတော့ အဲ့ဒီလို လုပ်လို့မရတဲ့အတွက် ဒေါ်လာဈေးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ အစိုးရအနေနဲ့ ဘက်ပေါင်းစုံက အကြံဉာဏ်ယူပြီး စဉ်ဆက်မပြတ် စဉ်းစားလုပ်ဆောင်နေ တယ်လို့” ဦးဇော်ဌေးက ပြောပါတယ်။

ဒေါ်လာဈေးတက်တာကြောင့် နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်မှုမျိုးစုံရှိ လာနေတယ်လို့လည်း ပြောပါတယ်။

“နိုင်ငံ့စီးပွားရေးကဏ္ဍမှာ အားနည်ချက်တွေရှိနေတုန်း ပြည်ပဖိအားတွေ ၀င်လာတာကြောင့် ပိုဆိုးလာတယ်။ ပြည်ပနိုင်ငံတချို့ရဲ့ ပိတ်ဆို့မှုတွေအပေါ်စိုးရိမ်ပြီး လုပ်ငန်းရွှေ့ပြောင်းတာတွေ၊ ဒေါ်လာရွှေ့ပြောင်းတာတွေ ရှိကောင်း ရှိလာနိုင်တယ်”လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ  ပြင်ပဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၆၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေပြီး စက်တင်ဘာ ၂၁ ရက် ငွေလဲလှယ်နှုန်းကတော့ ဗဟိုဘဏ်ရည်ညွှန်းသတ်မှတ်ဈေး  အမေရိကန် တဒေါ်လာကို ၁၅၉၇ ကျပ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013