
ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလအတွင်း ပြည်နယ်တိုင်း ၁၁ ခုမှာ ရေဘေး ကယ်ဆယ်ရေးစခန်း ၅၀၀ ကျော် ဖွင့်လှစ်ခဲ့ရပြီး အခုတော့ ကယ်ဆယ်ရေးစခန်း ၄ ခုပဲ ကျန်တော့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၁ ရက် စာရင်းတွေအရ ကယ်ဆယ်ရေးစခန်းပေါင်း ၅၀၉ ခု ဖွင့်ခဲ့ရပြီး အခုတော့ မကွေးတိုင်းထဲမှာ စခန်း ၄ခု ဆက်ဖွင့်ထားရတာပဲ ကျန်ရှိတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃၀၀ ကျော် အများဆုံး ဖွင့်လှစ်ခဲ့ရတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ စခန်း ၁ ခုပဲ ဖွင့်ခဲ့ရပါတယ်။
လက်ရှိ မကွေးတိုင်းထဲ ဖွင့်ထားရတဲ့ ကယ်ဆယ်ရေးစခန်း ၄ ခုမှာ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေထိုင်နေကြပါတယ်။
မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်၊သြဂုတ်နဲ့ စက်တင်ဘာလအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီိစတဲ့ ပြည်နယ်တိုင်း ၁၁ ခုမှာ မိုးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။
ရေဘေးအတွင်း ပြည်နယ်တိုင်း ၁၁ ခုမှာ လူဦးရေ ၂၂၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြပြီး လူ ၃၄ဦး သေဆုံးခဲ့ကာ နေအိမ်အလုံး ၈၀၀ ကျော် မျောပါပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။











