DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 21, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၈၂၀၀  ပေါက်ဈေးရှိပြီး ၁ အိတ် ကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ် ကို ၄၈၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅၁၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၃၈၀၀၀ ကနေ ၄၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၂၉၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၄၆၀၀၀ ကနေ ၁၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၃၇၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၁ အိတ်ကို ၂၂၅၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ အောင်လံ ကုန်စည်ဒိုင် ၁ အိတ်ကို ၇၀၀၀ ဈေး ကွာခြားမှုရှိပါတယ်။

ပန်းနှမ်း

မန္တလေးကုန်စည်ဒိုင်မှာ ပန်းနှမ်းက ၁ အိတ်ကို ၅၄၅၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၉၅၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၅၅၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁၈၁၀ ရှိပြီး ၁ ပိဿာကို ၃၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၈၃၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၀ ကျပ်ဈေးကွာခြားမှုမရှိပါဘူး။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက် (စမုံ) ကတော့ ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြည်ပ၀ယ်ယူမှုများတဲ့အပြင် ငွေဈေးနှုန်းတက်နေတဲ့အတွက် ဈေးက ဆက်တိုက်တက်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လိုက်ရင် နှမ်းနက် (စမုံ) က ၁ အိတ်ကို ၂၅၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013