DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် ကျောင်းသူ/ကျောင်သားများအတွက် စာကြည့်တိုက်ဖွင့်လှစ်
DVB
·
September 21, 2018
ဘားအံမြို့တွင် ကျောင်းသူ/ကျောင်သားများအတွက် စာကြည့်တိုက်ဖွင့်လှစ်
Donate to DVB

ကရင်ပြည်နယ်၊  ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှာ ၁၉၉၉-၂၀၀၀ခုနှစ် ဆယ်တန်းကျောင်းသားကျောင်းသူဟောင်းတွေနဲ့ စေတနာရှင်တွေ စုပေါင်း တည်ထောင်တဲ့ မြကြေးမုံဆောင် စာကြည့်တိုက်ဖွင့်ပွဲကို ဒီကနေ့ ကျင်းပပါတယ်။

စာကြည့်တိုက်ကို ကလေးတွေ အန္တရာယ်ကင်းရှင်းစွာ စာပေလေ့လာဖတ်ရှု့နိုင်ဖို့၊ ကလေးတွေ စာအုပ်တွေကို ပိုပြီးတော့ ချစ်မြတ်နိုးတတ်လာစေဖို့နဲ့ စာအုပ်တွေနဲ့နီးစပ်လာဖို့ ရည်ရွယ်ပြီး စာကြည့်တိုက်ကိုလှူဒါန်းတာ ဖြစ်ပါ တယ်။

ဘားအံ အ.ထ.ကY2K ကျောင်းသူဟောင်း မခင်သီတာဇော်က “ကလေးတွေကို မူလတန်း အဆင့်ကတည်းက စာဖတ်တဲ့အလေ့အထလေးကိုဖြစ်စေချင်တယ်။ စာပေကို မြတ်နိုးရအောင် စာကြည့်တိုက်မှာ ထည့်ထားတာ၊ ကာတွန်းလေးတွေကော၊ ဗဟုသုတဖြစ်စေမယ့် အကြောင်းအရာလေးကော၊ ပန်းချီလေးတွေကော မျိုးစုံထည့်ထားပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ မြတ်နိုးသွားအောင်၊ စာပေတစ်ခုကို အသိဉာဏ်လေး မြင့်မြင့်မားမား လေးဖြစ်အောင်”လို့ ပြောပါတယ်။

ဘားအံမြို့၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းကြည်က“ “ကျောင်းက နှစ်ခြမ်းဖြစ်နေတဲ့အတွက်ကြောင့် ပင်မကျောင်းဆောင်မှာရှိတဲ့ စာကြည့်တိုက်ကို ဒီက ကလေးတွေ သွားရောက်ပြီးတော့ ဖတ်ရှုလို့မနိုင်ဘူး။ လမ်းကူးရမှာနဲ့ ဘာနဲ့ဆိုတော့။ ဒီမူလတန်းဆောင်နဲ့ မြရွှေဝါဆောင်မှာရှိတဲ့ ၅တန်းကျောင်းသား ကျောင်းသူလေးတွေ သူတို့အတွက် သီးသန့်စာဖတ်ခန်းလေး ပြုလုပ်ပေးနိုင်တဲ့ အတွက်ကြောင့် ကျမအနေနဲ့အများ ကြီး ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်ကတော့ စာဖတ်အားနည်းပြီး ဗဟုသုတတွေနည်းတဲ့ အတွက် အောက်ခြေအဆင့်မပြောနဲ့ ပြည်နယ်အဆင့်တောင် ပြောမှားဆိုမှားရှိတယ်လို့ ပြောပါတယ်။

“ဒီအချိန်မှာ ဗဟုသုတ အတိုင်းအတာတစ်ခုအထိရှိရမယ်။ အပြစ်ပြောနေတာမဟုတ်ဘူး။ လက်ရှိအခြေအနေ အရဆိုရင် မြို့နယ်အဆင့် ကျေးရွာအဆင့်တောင်မပြောနဲ့ ကျနော်တို့ ပြည်နယ်အဆင့်မှာတောင် ပြောမှားဆိုမှားတာတွေရှိတယ်”

အဆိုပါစာကြည့်တိုက်ကို ၁၉၉၉-၂၀၀၀ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူဟောင်းတွေနဲ့ စေတနာရှင်တွေစုပေါင်းပြီး သုတစွယ်စုံ၊ ကာတွန်း၊ ပန်းချီစာအုပ်၊ တေးသရုပ်ဖော်၊ ကာတွန်း၊ ဇာတ်လမ်းနဲ့ တေးသီချင်းတွေကြည့်ရှုနိုင်ဖို့ တီဗွီနဲ့ ဂြိုလ်တု စလောင်းတွေကို လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013