DVB Logo
Home
မြန်မာသတင်း
ရွိုင်ရယ်တည်းခိုခန်းလူသတ်မှုနှင့်ပတ်သက်၍ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိ
DVB
·
September 21, 2018
ရွိုင်ရယ်တည်းခိုခန်းလူသတ်မှုနှင့်ပတ်သက်၍ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိ
Donate to DVB

ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရွိုင်ရယ်တည်းခိုခန်းမှာ အမျိုးသားတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့မှုနဲ့ပတ်သက်ပြီး အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

စက်တင်ဘာ ၁၆ ရက်က ရွိုင်ရယ် တည်းခိုခန်းမှာ အမျိုးသားတဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသားတဦး ဓားဒဏ်ရာတွေနဲ့  အခန်းအမှတ် (၁၀) ရှိ အိပ်ရာခုတင်ပေါ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။

ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် သေဆုံးသူနဲ့အတူ လာရောက်တည်းခိုခဲ့တဲ့ အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့ရာမှာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်၊ မေတ္တာလမ်းနေ မလင်းလင်းခိုင် (၃၉) နှစ် ဖြစ်ကြောင်း သိရှိရပြီး ဒီကနေ့ မနက်က  ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ မလင်းလင်းခိုင်ကို စစ်ဆေးခဲ့ရာမှာ သူဟာ မနှစ်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် အသုံးပြုရာကနေ သေဆုံးသူ  ထွန်းလင်းအောင်(ခ)ဖိုးထောင်နဲ့ တွေ့ဆုံပြီး Messenger မှ တဆင့် စကားပြော သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ သေဆုံးသူက လူပျိုလူလွတ်ဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့တာကို ယုံကြည်လို့ အပြင်မှာ တွေ့ဆုံကာ အတူနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၇ ရက်နေ့မှာ သေဆုံးသူအမျိုးသားက သူ့ကို မြ၀တီမြို့မှာအလုပ်လုပ်ဖို့ခေါ်လို့ လိုက်ပါသွားခဲ့ပြီး နေအိမ်တလုံးမှာထားရှိခဲ့ကြောင်း၊ ဒီနောက် သေဆုံးသွားသူက အမည်မသိ အမျိုးသမီးတဦးနဲ့ စကားပြောခဲ့ပြီးနောက် ကွမ်းဝယ်ဖို့ ထွက်သွားခဲ့ရာ ပြန်ရောက်မလာဘဲ ကျန်နေခဲ့စဉ် အမည်မသိ အမျိုးသမီးတဦးက ထိုင်းနိုင်ငံဘက်ကို ပို့ပေးမယ်ပြောလို့  ကြောက်လန့်ပြီး ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်ပြန်ရောက်လာခဲ့ပြီးနောက် သေဆုံးသူကို နာကျည်းစိတ်ကြောင့် စက်တင်ဘာ ၁၆ ရက်နေ့မှာ ထီပေါက်တယ်လို့ ပြောပြီး ဖုန်းနဲ့ ဆက်သွယ်ချိန်းဆိုကာ ပုဇွန်တောင်ဈေးရှေ့ရှိ စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ရွိုင်ရယ်တည်းခိုခန်းမှာ အတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုး အတုအားဆွဲပေးခဲ့ကာ သေဆုံးသူ လှဲအိပ်နေစဉ် အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ၂ ချက်ထိုးပြီး တည်းခိုခန်းကနေ ထွက်ပြေးခဲ့တဲ့အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ)၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး မလင်းလင်းခိုင်ကို ဥပဒေအရ အဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ- YGN Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013