DVB Logo
Home
မြန်မာသတင်း
မြန်မာပြည် ငြိမ်းချမ်းရေး တစ်ဆို့နေဟု ကေအန်ယူကြေညာ
DVB
·
September 21, 2018
မြန်မာပြည် ငြိမ်းချမ်းရေး တစ်ဆို့နေဟု ကေအန်ယူကြေညာ
Donate to DVB

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို ရှုထောင့်အမျိုးမျိုးနဲ့ ရှုမြင်နေကြသလို အန်စီအေကိုလည်း အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြတဲ့အတွက် အန်စီအေကို ဆက်လက်ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ပိတ်ဆို့နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး အန်စီအေကို ဆက်လက်ဆွေးနွေးဖို့ အခွင့်အလမ်း ပိတ်ဆို့နေတဲ့အတွက်လည်း လက်ရှိ ငြိမ်းချမ်းရေး အခြေအနေဟာ တစ်ဆို့နေတယ်လို့ ဆိုပါတယ်။

ဒါကြောင်လည်း လက်ရှိအနေအထားမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အတွေးအမြင်၊ အချိန်၊ ခွန်အားနဲ့ ငွေကြေးအပြင် စည်းစည်းလုံးလုံးနဲ့ စုပေါင်းလုပ်ဆောင်တတ်မှု အမှန်တကယ် လိုအပ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ခေတ်စနစ်တွေရဲ့ ပညာပေးမှုနဲ့ စိတ်နေသဘောထားတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေ ဖြစ်တဲ့အတွက်လည်း စိတ်ရှည်သည်းခံမှုနဲ့ မဖြစ်မနေ ကြိုးစားအားထုတ်လိုတဲ့ စိတ်ဓာတ်တွေ၊ အားသွန်ခွန်စိုက် ကြိုးပမ်းမှုတွေ အမှန်တကယ် လိုအပ်နေတယ်လို့လည်း ကေအန်ယူ ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013