DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဈေးများ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်နေ
DVB
·
September 21, 2018
ရန်ကုန်ဈေးများ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်နေ
Donate to DVB

ရန်ကုန်တိုင်းထဲရှိတဲ့ ဈေးတွေကို ခေတ်မီအဆင့်မြင့်ဈေးတွေ ဖြစ်လာစေဖို့ အစိုးရနဲ့ ပုဂလိက ပူးပေါင်းပြီး ပီပီပီ (Public Private Partnership) စနစ်နဲ့ စီမံဆောင်ရွက်နေတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောပါတယ်။

စက်တင်ဘာ ၂၀ရက် ရန်ကုန်တိုင်း လွှတ်တော်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ရဲ့ မေးခွန်းကိုဖြေရင်း ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကွပ်ကဲမှုလက်အောက်မှာရှိတဲ့ ဈေးတွေကို ခေတ်မီအဆင့်မြင့်ဈေးတွေ ဖြစ်လာစေဖို့အတွက် ပီပီပီ စနစ်နဲ့ အကောင်အထည်ဖော်ဖို့  စီမံဆောင်ရွက်နေတယ်လို့ စည်ပင် ၀န်ကြီးက ပြောပါတယ်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေးများဌာနကနေ ဘဏ္ဍာရေးနှစ်အလိုက် ရရှိတဲ့ ရန်ပုံငွေအပေါ်မူတည်ပြီး  ဈေးတွေအဆင့်မြှင့်ဖို့ စီမံလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဈေးအင်္ဂါရပ်နဲ့မညီတဲ့ ဈေးတွေကို ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန စီမံခန့်ခွဲမှုအောက်မှာထားပြီး အဆင့်မြှင့်တင်ဖို့ ရန်ကုန်တိုင်းလွှတ်တော်က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇွန်လကတည်းက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013