DVB Logo
Home
မြန်မာသတင်း
စော်ဘွားကြီးရပ်ကွက် စီးပွားဖြစ် နွားခြံများ ယခုလကုန် မဖယ်ရှားပါက အရေးယူမည်
DVB
·
September 21, 2018
စော်ဘွားကြီးရပ်ကွက် စီးပွားဖြစ် နွားခြံများ ယခုလကုန် မဖယ်ရှားပါက အရေးယူမည်
Donate to DVB

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် လေယာဉ်ကွင်းအနီး လူနေအိမ်တွေကြား စီးပွားဖြစ် မွေးမြူထားတဲ့ နွားခြံတွေ အခုလကုန် နောက်ဆုံးထား ဖယ်ရှားပေးဖို့နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။

မနေ့က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁  ကိုယ်စားလှယ် ဦးသာအောင်က စီးပွားဖြစ် မွေးမြူထားတဲ့ နွားခြံတွေကို အမြန်ဆုံးဖယ်ရှားပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ် မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာပါ။

“အင်းစိန်မြို့နယ်၊ စော်ဘွားကြီးရပ်ကွက် လူနေအိမ်တွေကြားမှာ စီးပွားဖြစ် မွေးမြူထားတဲ့ နွားခြံ ၁၃ ခြံကို ယခုလကုန်မှာ နောက်ဆုံးထား ဖယ်ရှားပြောင်းရွေ့ရေး အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်တဲ့အတွက် သတ်မှတ်ရက်ထက်ကျော်ရင် စိစစ်ပြီးတော့ ကော်မတီရဲ့ တည်ဆဲဥပဒေများနဲ့အညီ နွားမွေးမြူရေးခြံ အားလုံးကို ပြောင်းရွှေ့သွားတဲ့အထိ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

နွားခြံမွေးမြူတာကို ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေကြောင်း တိုင်ကြားချက်တွေအရ ဇွန် ၁၂ ရက်နေ့က ခရိုင်မှူးဦးစီးတဲ့အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆင်းစစ်ဆေးချက်အရ နွားတွေနဲ့ နွားခြံတွေက အပေါ်ပိုင်းမှာ တည်ရှိပြီး သူနဲ့ဆက်စပ်နေတဲ့ ဝန်းကျင်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိပေမယ့် မိုးရေနဲ့ရေစီးဆင်းရာ အနိမ့်ပိုင်းရပ်ကွက်နဲ့ လူနေရပ်ကွက်တွေမှာ ခြံဝန်းတွေအထိပါ အညစ်အကြေးနဲ့ ရေတွေ ပါလာတာကြောင့် နွားခြံကို သန့်ရှင်းကောင်းမွန်အောင်လုပ်ဖို့၊ အညစ်အကြေးတွေ ပတ်ဝန်းကျင်ကို မထိခိုက်ဖို့နဲ့ ကျင်းတူးပြီးတော့ စွန့်ပစ်ဖို့၊ ရေနှုတ်မြောင်းအတွင်းမှာ မစွန့်ပစ်ဖို့နဲ့ မွေးမြူရေးလိုင်စင်ကိုပါ စည်းကမ်းချက်အတိုင်း ဇွန် ၂၆ ရက်မတိုင်မီ ဆောင်ရွက်ဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဇွန် ၂၈ ရက်နေ့ ထပ်မံစစ်ဆေးရာမှာ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်တာ မတွေ့ရတဲ့အတွက် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013