DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် မြိုလူမျိုး ၁ ဦးအသတ်ခံရသည့်ကိစ္စ စုံစမ်းစစ်ဆေးနေ
DVB
·
September 21, 2018
မောင်တောမြို့နယ်တွင် မြိုလူမျိုး ၁ ဦးအသတ်ခံရသည့်ကိစ္စ စုံစမ်းစစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ မြိုတိုင်းရင်းသား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

မောင်တောမြို့နယ်၊ သစ်တုံးနားခွဆုံကျေးရွာအုပ်စု ခွဆုံရွာသစ်မှာနေတဲ့  မြိုတိုင်းရင်းသား နွားကျောင်းထွက်တဲ့ အသက် ၄၄ နှစ်အရွယ် ရွာသား ဦးဒူလူဟာ မနေ့က အသတ်ခံခဲ့ရတယ်လို့  နယ်မြေရဲစခန်းက သိရပါတယ်။

နွားကျောင်းသွားရာမှ ပြန်ရောက်မလာတဲ့ ဦးဒူလူကို  စက်တင်ဘာ ၂ဝ ရက် မနက် ၈ နာရီကျော်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေက သွားရှာကြစဉ် ခွဆုံရွာရဲ့ မြောက်ဘက် ၁ မိုင်ခွဲလောက် တောစပ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးဒူလူရဲ့ အလောင်းကို တွေ့ရှိတယ်လို့ မင်းခမောင်နယ်ခြားစောင့်စခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က နွားကျောင်းသွားရာအိမ်ကို ပြန်ရောက်မလာတဲ့အတွက် စခန်းကို သတင်းလာပေးပြီး ဒီနေ့မနက် ၈ နာ ကျော်ခန့်မှာ လုံခြုံရေးအဖွဲ့တွေနဲ့ သွားရှာတာပါ။ ရွာ မြောက်ဘက် ၁ မိုင်ကျော် တောစပ်နားမှာ အလောင်းတွေ့တာပါ။ အခု အလောင်းကို မောင်တောဆေးရုံကို သယ်ယူဖို့ ပြင်နေပါတယ်။ သတ်တဲ့လူက ဘယ်သူလဲဆိုတာ အတည်မပြောနိုင်သေးပါဘူး။ နွားသူခိုးတွေ ဖြစ်နိုင်ပါတယ်။ သူ့နွားတွေလည်း ရှာ မတွေ့သေးပါဘူး။ အမူမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်။”

အခုရက်ပိုင်းအတွင်း မောင်တောမြို့နယ်ထဲက ကျေးရွာတွေမှာ နွားသူခိုးအဖွဲ့တွေ ပေါ်ပေါက်နေပြီး မကြာခဏနွားတွေ ပျောက်ဆုံးနေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013