DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ် အသတ်ခံရသည့်သတင်း မဟုတ်မှန်၊ ကောင်းမွန်စွာရှိနေဟု တီအန်အယ်လ်အေ ပြော
DVB
·
September 20, 2018
နန်းမိုဟွမ် အသတ်ခံရသည့်သတင်း မဟုတ်မှန်၊ ကောင်းမွန်စွာရှိနေဟု တီအန်အယ်လ်အေ ပြော
Donate to DVB

တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့က လွန်ခဲ့တဲ့ သြဂုတ် ၁၇ ရက်က ဖမ်းဆီးသွားတဲ့  မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့က ကလေး ၃ ယောက်မိခင် နန်းမိုဟွမ် ကောင်းမွန် စွာရှိနေတယ်လို့ တီအန်အယ်လ်အေတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

နန်းမိုဟွမ်ကို တီအန်အယ်အေ စစ်သားတွေက စက်တင်ဘာ ၁၈ ရက်နေ့က စစ်ဆေးရင်း သတ်ဖြတ်လိုက်ပြီဆိုတဲ့သတင်းဟာ မဟုတ်မှန်ကြောင်း၊ သူ့ကိုလုံခြုံစွာနဲ့ ကောင်းကောင်း မွန်မွန်ထားကြောင်း တီအန်အယ်လ်အေ ပြန်ကြားရေးဌာန တာဝန်ခံ တာ့အိုက်ကျော်က ပြော ပါတယ်။

“သတ်ပစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူ့ကို ကောင်းကောင်းမွန်မွန်ထားပါတယ်။ ကျန်းမာရေး ကောင်းတယ်။ လုံခြုံမှုရှိတယ်၊ ဘာကြောင့်ကြာနေလဲဆိုတော့ တရားရေးဘက် ကတော့ အလုပ်လုပ်နေတာပေါ့နော်။ အသေးစိပ်ကို ကျနော်တို့ မသိရဘူး။ နန်းမိုဟွမ်ကိစ္စနဲ့ ပတ်သက်ပြီး အပြင်မှာလူမှုရေးပဋိပက္ခပုံစံ အဲလိုမျိုးအသံထွက်နေလို့ သူနဲ့ပတ်သက်တဲ့ သတင်း ကတော့ ကျနော်တို့ ထုတ်ပြန်ထားပြီးသားရှိတယ်။ ထူးခြားချက်ရှိရင် ထုတ်ပြန်မယ်။”

တီအန်အယ်လ်အေအဖွဲ့က  နန်းမိုဟွမ်ဟာ PSLF/TNLA ရဲ့ ၀န်ထမ်းတာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးတဲ့အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့ တာကြောင့် PSLF/TNLA ရဲ့ ဗဟိုတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၃၃နဲ့ အမှုဖွင့်အရေး ယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘယ်လိုနှောင့်ယှက်သလဲဆိုတာကိုတော့ ကြေညာချက်ထဲမှာ အသေးစိပ်ဖော်ပြတာ မရှိသလို နန်းမိုဟွမ်မှာ ဘာအပြစ်ရှိလဲဆိုတာလည်း မသိရသေးပါဘူး။ နန်းမိုဟွမ်ရဲ့ မိသားစု ၀င်တွေကတော့ သူဘာအပြစ်တစုံတရာမှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

မနှစ်ဇူလိုင်လကတော့ တီအန်အယ်လ်အေ တပ်သား ၂ ယောက်က အခွန်လာေ ကာက်ပြီး အပြန်လမ်းမှာ တပ်မတော်စစ်ကြောင်းနဲ့တိုးကာ သေနတ်နဲ့ ပစ်ခံရလို့ ၁ ဦး သေဆုံး ၁ ဦးဖမ်းဆီးခံရတဲ့ကိစ္စ နန်းမိုဟွမ်က သတင်းပေးလို့ စွပ်စွဲခံခဲ့ရဖူးတယ်လို့  နန်းမိုးဟွမ်ရဲ့ ခင်ပွန်း စိုင်းစောရွှေက ပြောပါတယ်။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် ရှမ်းလူမှုအဖွဲ့အစည်း၊ ရှမ်းနိုင်ငံရေးပါတီ၊ SSPP ရှမ်းလက်နက်ကိုင်အဖွဲ့စတဲ့အဖွဲ့တွေက ကြေညာချက်တွေထုတ်ပြန်ကာ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကို စာရေးတိုင်ကြားထားသလို အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက ထုတ်ပြန်ကြေညာတောင်းဆိုထားပေမယ့် ပြန်မလွှတ်ပေးသေးပါဘူး။

သူမရဲ့မိသားစုဝင်နဲ့ နမ့်ခမ်းမြို့သူမြို့သားတွေကလည်း သူ့ကိုပြန်လွှတ်ပေးဖို့ ၂ ကြိမ်တိုင် ဆန္ဒပြခဲ့ကြပါတယ်။

နန်းမိုဟွမ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မနက်က ကျောင်းသွားမယ့် သားသမီးတွေကို ထမင်းကျွေးနေစဉ် တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိလာပြီး နန်းမိုဟွမ်ကို သေနတ်နဲ့ ထောက်ကာဖမ်းဆီးခေါ်ဆောင်သွားသလို သူတို့အိမ်က စီစီကင်မရာတွေပါရိုက်ခွဲပြီး အတွင်းက မန်မိုရီကတ်ကို ယူသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013