DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ၈ လကျော်ကာလအတွင်း မြေငလျင် ၁၁၀ ကြိမ်လှုပ်ခတ်
DVB
·
September 20, 2018
မြန်မာနိုင်ငံတွင် ၈ လကျော်ကာလအတွင်း မြေငလျင် ၁၁၀ ကြိမ်လှုပ်ခတ်
Donate to DVB

မြေငလျင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိနေပြီး အခု ၂၀၁၈ခုနှစ်ထဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်လှုပ်ခတ်တဲ့ အကြိမ်ရေ ၁၁၀ အထိ သိသိသာသာ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးသတ်ဌာနရဲ့ စစ်တမ်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း မြေငလျင်လှုပ်ခတ်မှု ၂၄ ကြိမ်၊  ၂၀၁၆ ခုနှစ်မှာ ၃၉ ကြိမ်နဲ့ ၂၀၁၇ ခုနှစ်မှာတော့ ၆၆ ကြိမ်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ထိခိုက်တဲ့ဒေသတွေထဲမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် ရှာဖွေကယ်ဆယ်ရေးယာဉ်တွေ၊ မီးသတ်ယာဉ် တွေနဲ့ အထောက်အကူပြုယာဉ်တွေအတွက် အစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ ယူရို သန်း ၅၀ ဖိုး ဝယ်ယူဖြည့်တင်းထားတယ်လို့ မီးသတ်ဦးစီးဌာနက ဆိုပါတယ်။

အဲဒီယာဉ်တွေကိုတော့ ငလျင်လှုပ်ခတ်မှု အမြင့်ဆုံး ဖြစ်ပေါ်နိုင်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့ကို အခြေယူပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ခွဲဝေချထားသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာတပြည်လုံး အတိုင်းအတာနဲ့ မီးသတ်ကား အစီး ၃,၀၀၀ ကျော်ရှိနေပြီး လွှတ်တော်ရဲ့ထောက်ခံချက်နဲ့ ယူရို သန်း၅၀ ချေးငွေနဲ့ ဝယ်ယူလိုက်တဲ့ ယူရို ၈ သိန်းတန် မီးသတ်ယာဉ်နဲ့ ကယ်ဆယ်ရေးယာဉ် ၇၅ စီးနဲ့ ပေါင်းပါက မီးသတ်ယာဉ် အစီး ၄,၀၀၀ ကျော်အထိ ရှိလာမှာဖြစ်ပါတယ်။

သဘာဝဘေးနဲ့ပတ်သက်ပြီး ခံနိုင်ရည်စွမ်းအား သတ်မှတ်ချက်မှာလည်း မြန်မာနိုင်ငံဟာ ခံနိုင်ရည်ရှိမှု အနည်းဆုံး နိုင်ငံတွေထဲမှာ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013