DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြားကို ထရမ့်ပ် ဆက်လက်ပိတ်ဆို့မည်၊ စစ်ရေးအရ တုံ့ပြန်မည်ဟု အီရန် တုံ့ပြန်
DVB
·
April 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်က ရေနံဝင်ငွေ မဆုံးရှုံးအောင် ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ချင်ပေမဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအတွင်း လုံးဝပိတ်ဆို့ထားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Truth Social ပို့စ် တခုမှာ ဧပြီ ၂၁ ရက်က ပြောပါတယ်။

ထရမ့်ပ်က ခုနစ်ပတ်ကြာ စစ်ပွဲအတွင်း သံတမန်ရေးအတွက် အချိန်ပိုပေးနိုင်ဖို့ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ တိုးချဲ့မယ်လို့ပြောအပြီး နာရီပိုင်းအကြာမှာ ခုလို ပို့စ်တင်ခဲ့တာပါ။

အီရန်အစိုးရဟာ မမျှော်လင့်ဘဲ အပြင်းအထန် ပြိုကွဲနေတယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး အီရန် ကြည်းတပ်ဦးစီးချုပ် အာဆင်း မူနီယာနဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ရှက်ဘတ်ဇ် ရှာရစ်ဖ်တို့ရဲ့ တောင်းဆိုချက်အရ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ ပေါင်းစည်းထားတဲ့ အဆိုပြုချက်တရပ် ထွက်ပေါ်လာတဲ့အထိ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုကို ရပ်ဆိုင်းထားဖို့ တောင်းဆိုထားတယ်လို့ ထရမ့်ပ်က Truth Social မှာ ရေးခဲ့ပါတယ်။

အမေရိကန်စစ်တပ်က အီရန်အပေါ် ဆက်ပြီးပိတ်ဆို့သွားမှာဖြစ်သလို အသင့်ရှိနေပြီး စွမ်းဆောင်နိုင်ဆဲလို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

အီရန်ဆိပ်ကမ်းတွေကို အမေရိကန် ပိတ်ဆို့ခြင်းဟာ စစ်ပွဲတခုဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေးယဒ် အာဘတ်စ် အာရတ်ချီက အင်္ဂါနေ့မှာ X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

အီရန်ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်တာနဲ့ သင်္ဘောသားတွေကို ဖမ်းဆီးတာက ပိုပြင်းထန်တဲ့ ချိုးဖောက်မှုတွေ ဖြစ်တယ်၊ အီရန်က ကန့်သတ်ချက်တွေကို ပျက်ပြယ်စေရမယ်၊ အကျိုးစီးပွားကို ဘယ်လို ကာကွယ်ရမယ် ဆိုတာနဲ့ အနိုင်ကျင့်မှုကို ဘယ်လိုတွန်းလှန်ရမယ် ဆိုတာကို သိတယ်လို့လည်း အာရတ်ချီက သူ့ပို့စ်ထဲမှာ ရေးခဲ့ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ရဲ့ အကြံပေး မယ်ဒီ မိုဟာမာဒီ ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုကို စစ်ရေးတုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောခဲ့ပြီး ထရမ့်ပ်ရဲ့ အပစ်အခတ်ရပ်စဲရေး တိုးချဲ့မှု ကြေညာချက်ကို အဓိပ္ပာယ်မရှိဘူးလို့ ပြောဆို ပယ်ချခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ကြေညာချက်အပြီး အီရန်နဲ့ ဆွေးနွေးပွဲတွေကို ဦးဆောင်ဖို့ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ရဲ့ အစ္စလာမ္မာဘတ်မြို့တော် ခရီးစဉ်ကို အဲဒီနေ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ အိမ်ဖြူတော်အရာရှိ တယောက်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013