DVB Logo
Home
မြန်မာသတင်း
ကြိမ်ဈေးတက်သဖြင့် မောင့်ကျက်သရေခေါင်းပေါင်း လုပ်သူများ အခက်ကြုံ
DVB
·
September 20, 2018
ကြိမ်ဈေးတက်သဖြင့် မောင့်ကျက်သရေခေါင်းပေါင်း လုပ်သူများ အခက်ကြုံ
Donate to DVB

ပဲခူးတိုင်း၊ရွှေတောင်မြို့နယ်ထဲက ယောဒေါင့်ကျေးရွာမှာ မောင့်ကျက်သရေ ခေါင်းပေါင်း လုပ်ကိုင်သူတွေဟာ ကြိမ်ဈေးတက်လာတာကြောင့် အခက်အခဲကြုံတွေ့နေကြရပါတယ်။

ခေါင်းပေါင်းလုပ်ရာမှာ အဓိကလိုအပ်တဲ့ကြိမ်က တဖြည်းဖြည်းဈေးတက်လာပြီး ရက်လုပ်ထားတဲ့ ခေါင်းပေါင်းဈေးက ၂၀၀ လောက်ပဲ တိုးရတဲ့အတွက် အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေတောင်မြို့နယ် ယောဒေါင့်ကျးရွာနေ ဦးဝင်းမောင်က “ဒီအလုပ်က အဓိက စီးပွားရေး အနေနဲ့ လုပ်လို့မရတာကြောင့် မိသားစုများတဲ့ အိမ်တွေက မိသားစု အလိုက်လုပ်ကိုင်ကြပါတယ်။ အခုလို မိုးတွင်းအချိန်အခါတွေမှာ အ၀ယ်မရှိတာကြောင့် ခေါင်းပေါင်း သိပ်မလုပ်ရဘူး” လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ် ယောဒေါင့်ကျးရွာနေ မနီလာဝင်းက “ခေါင်းပေါင်းလုပ်ဖို့ ပထမဆုံး ကြိမ်ကို အစစ်ကလေးတွေ ဖြည်ပေးရပါတယ်။ နောက် အလုံးအနေအထားအလိုက် ၈ ပင်၊ ၇ ပင်၊ ၆ ပင်၊ စသဖြင့် ခွဲရပါတယ်။ နောက်အူထုပ်တဲ့အလုပ်ကို လုပ်ရပြီး အူထုပ်ပြီးသားတွေကို စိတ်ရပါတယ်။ အဲဒီနောက် နန်းစွဲရပါတယ်။ အဲဒါတွေပြီးတော့မှ ထိပ်စထိုးပြီး နောက်ဆုံးအဆင့် စတင်ထိုးရပါတယ်။ ထိုးပြီးသားတွေက တလုံးကို ၇၀၀ ကျပ်ပဲရရှိပါတယ်။ အဲဒါက ကုန်ကြမ်း ဖြစ်ပြီး အဲဒီကုန်ကြမ်းကို ရန်ကုန်မြို့ကနေ အ၀တ်ထည့်ပြန်ချုပ်ပြီးမှ မောင့်ကြက်သရေ ခေါင်းအနေနဲ့  ၁၅၀၀၀ လောက်နဲ့ ဘူးထဲထည့်ရောင်းကြပါတယ်”လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ် ယောဒေါင့်ကျးရွာနေ ကိုဇော်မင်းနိုင်က “ဒီလုပ်ငန်းကို လွန်ခဲ့နှစ်ပေါင်း များစွာကတည်းက ယောဒေါင့်ကျေးရွာမှာလုပ်ကိုင်လာခဲ့ကြပြီး အခုတော့ တရွာလုံးမှာ အိမ် ၅ အိမ်လောက်ပဲ လုပ်ကိုင်ကြပါတော့တယ်။ ကြိမ်တစည်းကို အရင်တုန်းက လေးငါးထောင်နဲ့ ပေးဝယ်ရပြီး အခုက ၁၇၀၀၀ ကျပ်ခန့်ရှိပါတယ်။ အဲဒီ ကြိမ်တစည်းကို အလုံးပေါင်း ၈၀ ခန့် ထွက်ပါတယ်။ သူတို့လုပ်တဲ့ အကြမ်းထည်ကိုတော့ အရင်တုန်းက ၅၀၀ ကျပ်ပဲရရှိပြီး အခုက ၇၀၀ ကျပ်ကို တိုးရပေမယ့်  မိသားစုလုပ်ငန်းအနေနဲ့သာခံနိုင်ပြီး စီးပွားတော့ မဖြစ်ကြဘူး”လို့ ပြောပါတယ်။

ရွှေတောင်မြို့နယ်ထဲက ယောဒေါင့်ကျေးရွာကလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မောင့်ကျက်သရေခေါင်းပေါင်းကို ဒေသခံရွာသားတွေ ပြုလုပ်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013