DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် အသုံးလုံးသင်ကြားရေးနှင့် အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲများ ဖွင့်လှစ်မည်
DVB
·
September 20, 2018
မောင်တောတွင် အသုံးလုံးသင်ကြားရေးနှင့် အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲများ ဖွင့်လှစ်မည်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အသုံးလုံး သင်ကြားဖို့နဲ့ အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲတွေ ဖွင့်လှစ်နိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မောင်တောမြို့နယ်မှာ နေ့စားလပေး ပညာရေးဝန်ထမ်းတွေ ခန့်ထားနိုင်ရေး၊ အဝေးသင် တက္ကသိုလ်ခွဲ ဖွင့်လှစ်သင်ကြားနိုင်ရေးနဲ့ သက်ကြီးပညာမတတ်သူတွေ ပပျောက်ရေး အကောင် အထည်ဖော်ဆောင်နိုင်မယ့် အခြေအနေတွေကို အစိုးရ တာဝန်ရှိသူတွေ စက်တင်ဘာ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးပြီး ပညာရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတာပါ။

မောင်တောခရိုင်အတွင်း သက်​ကြီးပညာမတတ်​သူ ပ​ပျောက်​​ရေးအတွက် အသုံးလုံးလို ပြင်ပ ပညာရေးသင်ကြားနိုင်ရေး မောင်တောခရိုင်မှ ဘဂါင်္လီ အဝေးသင်ကျောင်းသားတွေ အတွက် ဘူသီးတောင်မှာ အ​ဝေးသင်တက္ကသိုလ်ဌာန​ခွဲ တခု၊ မောင်တောမှာ ဌာနခွဲတခု ဖွင့်လှစ်ပြီး လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလပတ် စာမေးပွဲတွေအတွက် အနီးကပ် သင်တန်းပို့ချနိုင်ရေးနဲ့ စာ​မေးပွဲး​ဖြေဆိုနိုင်​​ရေး မောင်တောခရိုင်အတွင်း ​နေ့စားလ​ပေး ဘဂါင်္လီ ​ ကျောင်းဆရာတွေ ခန့်​ထားနိုင်ရေး တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါတယ်​။

ဆွေးနွေးပွဲကို ​ကျောင်းပြင်​ပနှင့် တစ်​သက်​တာပညာ​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာ​ဇော်​ဝင်း၊ အ​ခြေခံပညာဦးစီးဌာန ဒုတိယညွှန်​ကြား​ရေးချုပ်​ ဦးရဲလင်းမြင့်နဲ့ စစ်တွေ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဦးဝင်နိုင် တို့နဲ့အတူ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ​မောင်​​တောခရိုင်​ပညာ​ရေးမှူး ဦးခင်​​အောင်​တို့ ပါဝင်ခဲ့ကြပါတယ်။

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က “တိုင်းရင်းသား ကျောင်းဆရာ ဆရာမတွေ သွားရမှာ အန္တရာယ်များတဲ့ ဘဂါင်္လီကျေးရွာတွေမှာ နေစားလပေး ဘင်္ဂါလီကျောင်း ဆရာတွေ ခန့်ထားပေးသင့်ပြီး မောင်တောမြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင် တက္ကသိုလ်ခွဲမှာလည်း မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာအပြင် တခြား ဘာသာရပ်တွေကိုပါ ထည့်သွင်းပေးစေလိုကြောင်းနဲ့ သက်​ကြီး ပညာမတတ်​သူများ ပ​ပျောက်​​ရေးအတွက် အသုံးလုံး လို ပြင်ပပညာရေး သင်ကြားပေးနိုင်ပါတယ်”လို့ တင်​ပြခဲ့ပါတယ်။

မောင်တောခရိုင်အတွင်း ဘင်္ဂါလီလူမျိုး ဘွဲ့ရတွေကို နေ့စားလပေး ကျောင်းဆရာ ခန့်ထားနိုင်ဖို့ ဘူးသီးတောင်မြို့နယ်မှာ လျှောက်ထားသူ ၆၀၀ ကျော်ပြီး မောင်တောမြို့နယ်မှာ ၃ဝဝ ကျာ် ရှိကာ အသက်​အကန့်​သတ်​မရှိဘူး လို့ မောင်​​တောခရိုင်​ပညာ​ရေးမှူး ဦးခင်​​အောင်​က ပြောပါတယ်​။

မောင်တောခရိုင်အတွင်း အဝေးသင်တက္ကသလိုလ် ဒုတိယအသုတ် အနီးကပ် သင်တန်းကို အောက်တိုဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး စာမေးပွဲကိုတော့ အောင်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ  ၂ ရက်နေ့အထိ ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလာမယ့် စာမေးပွဲမှာ ​ဖြေဆိုမယ့် ကျောင်းသား ၂ ယောက်သာရှိပြီး တတိယအသုတ်မှာ​တော့ ​ကျောင်းသားကျောင်းသူ ၂ဝဝ ​ကျော်​​ဖြေဆိုမယ်လို့ စစ်​​တွေ တက္ကသိုလ်​ပါ​မောက္ခချုပ်​က ​ပြောပါတယ်​။

တတိယအသုတ်​ အနီးကပ်သင်တန်းတွေ နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၁၄ ရက်နေ့ အထိ သင်​ကြားမှာဖြစ်ပြီး စာမေးပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေ ဘူးသီးတောင်မြို့မှာ ၁၇ဝ ဦးနဲ့ မောင်တောမြို့မှာ ၄၁ ဦးရှိတယ်လို့ သိရပါတယ်။

မောင်တောမြို့နဲ့ ဘူသီးတောင်မြို့မှာ ဖွင့်လှစ်သင်ကြားမယ့် အဝေးသင်တက္ကသိုလ်မှာ မြန်မာစာမေဂျာနဲ့ သမိုင်းမေဂျာ ၂ ခုတည်းသာ သင်ကြားဖြေဆိုရမှာဖြစ်​ပြီး ရန်​ကုန်​အဝေးသင် ​တက္ကသိုလ်​မှ ​ပေါ့​မောက္ခ ဆရာ ဆရာမတွေလည်း လာ​ရောက်​သင်​ကြားမယ်လို့ သိရပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013