DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာဘက်မှ တရားမဝင်သွင်းလာသည့် ဂိမ်းစက်များ ဖမ်းမိ
DVB
·
September 20, 2018
မဲဆောက်တွင် မြန်မာဘက်မှ တရားမဝင်သွင်းလာသည့် ဂိမ်းစက်များ ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်က သယ်လာတဲ့ တရားမဝင် Slot Machine ဂိမ်းစက်တွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းနယ်စပ် အကောက်ခွန် နဲ့ ရဲတပ်ဖွဲ့တွေက စက်တင်ဘာ ၁၉ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိမ်းစက် စုစုပေါင်း ၈ လုံးရှိပြီး ပထမ ၄ လုံးကို မဲဆောက်မြို့နယ် ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်က ပစ္စည်းအငှားတင်ယာဉ်တစီးပေါ်ကနေ ဖမ်းမိခဲ့တာပါ။

ကွင်းဆက်တွေ ဆက်လက်စစ်ဆေးချက်အရ နောက်ထပ် စက် ၄ လုံးကိုလည်း မဲဆောက်မြို့ မယ်ပကျေးရွာအုပ်စုထဲက အိမ်တလုံးမှာ ဖမ်းမိခဲ့တယ်လို့ မဲဆောက်ခရိုင် အကောက်ခွန်မှူး နိုင်းဝါရလုတ့် ဝုဒ်ဖားနစ်က ပြောပါတယ်။

ဂိမ်းဆက်သယ်ဆောင်လာသူရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ အဆိုပါဂိမ်းစက်တွေကို မြန်မာဘက်ခြမ်းကနေ ဝယ်ယူခဲ့ကြောင်း၊ တရားဥပဒေက ကန့်သတ်ထားတဲ့ပစ္စည်းတွေ ဖြစ်မှန်းလည်း မသိဘူးလို့ ဆိုပါတယ်။

အကောက်ခွန်မှူးကတော့ ဒီပစ္စည်းတွေဟာ လောင်းကစားမှုနဲ့ ပတ်သက်နေတဲ့အပြင် အခွန်မဆောင်ဘဲ ထိုင်းနိုင်ငံထဲ တရားမဝင်သယ်ဆောင်လာတာကြောင့် ၂ဝ၁၇ ခုနှစ် အကောက်ခွန်ဥပဒေ ပုဒ်မ ၂၄၆ အရ အရေးယူခံရမယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဂိမ်းစက် ၈ လုံးရဲ့ စုစုပေါင်းတန်ဖိုး ဘတ် ၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြီး ကုန်သွယ်စီးပွားဝန်ကြီးဌာနကလည်း နိုင်ငံထဲတင်သွင်းခွင့် ပိတ်ပင်ထားတယ်လို့  မဲဆောက်အကောက်ခွန်မှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013