DVB Logo
Home
မြန်မာသတင်း
အချုပ်သားထွက်ပြေးလွတ်မြောက်ခဲ့မှုအတွက် ဘိုကလေးရဲတပ်ဖွဲ့ဝင် ၈ ဦး ကိုဖမ်းဆီးအရေးယူ
DVB
·
September 20, 2018
အချုပ်သားထွက်ပြေးလွတ်မြောက်ခဲ့မှုအတွက် ဘိုကလေးရဲတပ်ဖွဲ့ဝင် ၈ ဦး ကိုဖမ်းဆီးအရေးယူ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မရဲစခန်းမှာ အချုပ်သား ၃ ဦး အချုပ်ခန်းဖောက်ပြီး ထွက်ပြေးခဲ့တာကြောင့် တာဝန်ပေါ့လျော့ခဲ့တဲ့ တာဝန်မှူး ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဘိုကလေးမြို့မရဲစခန်းမှာ  ဖမ်းဆီးအရေးယူထားပါတယ်။

တာဝန်ပေါ့လျော့တာကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူထားတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက  ဒုရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။

“အချုပ်ခန်းဖောက်ပြီး အချုပ်သား ၃ ဦး ထွက်ပြေးသွားတဲ့အတွက် တာဝန်မှူး ဒုရဲအုပ် လှစိုးအပါအ၀င် တပ်ဖွဲ့ဝင် ၈ ဦးကို တာဝန်ပေါ့လျော့မှုနဲ့ ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ အရေးယူထားပါတယ်”

စက်တင်ဘာ ၁၈ ရက် မနက်က ဘိုကလေးမြို့မရဲစခန်း ဗဟိုကင်းမှာ အလှည့်ကျကင်းရဲတပ်သား သန်းထိုက်စိုးနဲ့ ရဲတပ်သားမိုးဇော်ကိုတို့ စောင့်ကြပ်နေချိန်မှာ အချုပ်သားတွေဖြစ်တဲ့ ဆိုင်ကယ်ခိုးမှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ ရဲတပ်သားဟောင်း အာကာဂျူး(၂၃ နှစ်)၊ ကျောင်းဆရာမစုံတွဲကို ဓားထောက်လုယက်မှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ ပိုးဖြူ(ခ)နန္ဒအောင်(၁၉ နှစ်)နဲ့ ဓမ္မတာမမှန်တဲ့လိင်ဆက်ဆံမှုနဲ့ ရဲစခန်းမှာစစ်ဆေးနေတဲ့ လှနိုင်ဦး(၃၃နှစ်)တို့ဟာ  အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေးခဲ့တာပါ။

အဆိုပါ ၃ ဦးဟာ အချုပ်ခန်းကထွက်ပြေးပြီး ဘိုကလေး-မော်ကျွန်းကားလမ်းပေါ်မှာရှိတဲ့ ကျွဲခြံတံတားနားမှာ ဆိုင်ကယ်စီးလာသူတစ်ဦးကို ထိုးကြိတ်ရိုက်လုထွက်ပြေးခဲ့ပြီးနောက် စက်တင်ဘာ၁၈ ရက်မနက် ၈ နာရီလောက်မှာပဲ မအူပင်မြို့နယ်၊ ရေလဲလေးကျေးရွာနားမှာ လုယူခဲ့တဲ့ ဆိုင်ကယ်နဲ့အတူ အာကာဂျူးနဲ့ ပိုးဖြူ(ခ)နန္ဒအောင်တို့ကို ပြန်လည်ဖမ်းမိခဲ့ပါတယ်။

ဆက်လက်ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သား လှနိုင်ဦးကိုတော့ ညနေ ၅ နာရီလောက်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ထဲမှာ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013