DVB Logo
Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်မြောက်ပိုင်းသို့ သွားရောက်
DVB
·
September 20, 2018
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်မြောက်ပိုင်းသို့ သွားရောက်
Donate to DVB

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက် ၈ နာရီက စစ်တွေလေဆိပ်ကို မြန်မာလေကြောင်းနဲ့ ရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြောက်ပိုင်းကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။

မောင်တောခရီးစဉ်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့အပါအဝင် ဗြိတိသျှသံအမတ်ကြီး မစ္စတာဒန်ချက်ဂ်နဲ့ လူကယ်ပြန်ဌာနက  ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်တို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့နယ်က ပန်းတော်ပြင်ကျေးရွာ၊ မောင်တော် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတွေကိုလည်း  သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၂ရက်ကြာ ခရီးရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျယ်ရီမီဟန့်ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့လည်း  တွေ့ဆုံဖို့ရှိပါတယ်။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013