DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော
DVB
·
September 19, 2018
ဖွဲ့စည်းပုံပြင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီးတဆင့် ပြင်နိုင်မှပဲ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မယ်လို့ အန်အယ်လ်ဒီအစိုးရက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ က ရှင်းလင်းပြောသွားတာပါ။

“၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ကျနော်တို့ အစိုးရ မျှော်မှန်းထားတဲ့အတိုင်း တဆင့်ပြီးတဆင့် ပြင်ဆင်နိုင်မှသာလျင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်။ အလားတူ တိုင်းရင်းသားလူမျိုးစုတွေအကြားမှာ လွတ်လပ်မှု တန်းတူညီမျှမှုနဲ့ အပြန်အလှန်လေးစားမှုတို့ကို တည်ဆောက်နိုင်မှသာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”

ဒါ့ကြောင့် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက မူဝါဒတရပ်အနေနဲ့ ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

တဘက်မှာ အစိုးရနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေကရတဲ့ သဘောတူညီချက်တွေနဲ့  ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်မယ်၊ ပြည်ထောင်စုသဘောတူစာချုပ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်သွားမယ်ဆိုပြီး ရည်ရွယ်လုပ်ဆောင်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းပြုလုပ်ခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြင်ဆင်ဖို့ တုန့်ပြန်ပြောဆို ခဲ့ပါတယ်။

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ  ကျနော်တို့ သိပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ရဲ့ ဇယား ၂ -တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် (၃၄)ချက်၊ ဇယား၅- တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် (၂၀) ချက်တို့ကို ပြင်ဆင်ဖြည့်စွက်ပေးပြီး လုပ်ပိုင်ခွင့်များတိုးချဲ့ပေးခဲ့ပါတယ်။ ထပ်မံပြင်ဆင်လိုတာတွေ ရှိရင် ဆက်လက်ညှိနှိုင်း ဆွေးနွေးလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက် ကြဖို့လိုပါတယ်။”

သူပြောသလို ပြဋ္ဌာန်းချက်တွေအတိုင်းပြင်ရင် လွှတ်တော်ထဲကနေပဲပြင်ဆင်ရမှာဖြစ်ပြီး ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်  ထောက်ခံမှ တနည်းအားဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေ လက်ခံမှ ပြင်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013