DVB Logo
Home
မြန်မာသတင်း
လူနေရပ်ကွက်အတွင်းရှိ ပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို လိုင်စင်ပိတ်သိမ်းမည်
DVB
·
September 19, 2018
လူနေရပ်ကွက်အတွင်းရှိ ပတ်ဝန်းကျင်ထိခိုက်စေသည့် လုပ်ငန်းများကို လိုင်စင်ပိတ်သိမ်းမည်
Donate to DVB

ရန်ုကုန်မြို့ရှိ လူနေရပ်ကွက်တွေထဲမှာ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ အသံ၊ အနံ့ ထွက်တဲ့ လုပ်ငန်းတွေကို ရပ်ကွက်နေသူတွေ တိုင်ကြားရင် စိစစ်ပြီး လုပ်ငန်းလိုင်စင်ပိတ်သိမ်းမယ်လို့ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ရန်ကင်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သီတာရဲ့ လူနေရပ်ကွက်တွေထဲ ပတ်ဝန်းကျင် အသံ၊ အနံ့ထွက်တဲ့ လုပ်ငန်းတွေကို ကြီးကြပ်ပြီး အရေးယူပေးဖို့  အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လူနေရပ်ကွက်တွေထဲမှာ ကားဝပ်ရှော့၊ သံပန်းသံတခါးလုပ်ငန်းတွေ၊ ပရိဘောဂ လုပ်ငန်းတွေ၊ အဟောင်းပစ္စည်းဝယ်ယူရောင်းချတဲ့ လုပ်ငန်းတွေကြောင့် ရပ်ကွက်နေ ပြည်သူတွေ အနှောင့်အယှက် ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လူနေရပ်ကွက်တွေထဲက အသေးစားလုပ်ငန်းတွေ လိုင်စင်သက်တမ်းတိုးချိန်မှာ ပတ်ဝန်းကျင်ပြည်သူတွေရဲ့ သဘောထားရယူခွင့်ပြုပြီး ၂၀၁၈ ခုနှစ်အတွင်း စည်ပင်နယ်နိမိတ်ထဲက လုပ်ငန်း ၂၂ ခုကို စည်းကမ်းချက်နဲ့ မညီလို့ လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013