DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို အတိုင်ပင်ခံရုံးဝန်ကြီး လွှတ်တော်တွင်ရှင်းလင်း
DVB
·
September 19, 2018
နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို အတိုင်ပင်ခံရုံးဝန်ကြီး လွှတ်တော်တွင်ရှင်းလင်း
Donate to DVB

အစိုးရသစ်လက်ထက် ၂ နှစ်ခွဲကာလအတွင်း မြေဧက ၆၃,၀၀၀ ကျော် ပြန်လည် စွန့်လွှတ်ပြီး လယ်ဧက ၂၀,၀၀၀ ခန့်ကို လယ်သမားတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောပါတယ်။

စက်တင်ဘာ ၁၉ရက်မနက် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား လာရောက်ရှင်းလင်းတင်ပြရင်း ပြောဆိုခဲ့တာပါ။

“မိမိတို့ အစိုးရအနေနဲ့ သိမ်းဆည်းခံလယ်မြေများကို ပြန်လည် စွန့်လွှတ်ပေးနေရာမှာ စုစုပေါင်း စွန့်လွှတ်မြေ  ၆၃,၄၂၇ ဧက ရှိခဲ့ပါပြီ။ တောင်သူများလက်ဝယ်သို့ ၁၃,၉၁၀ ဧကကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး ပြည်နယ်များကို ၅၀ ၀၃၂၆ ဧက လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။”

လယ်ယာကဏ္ဍအခြေခံပြီး တိုင်းပြည်စီးပွားရေးကို မြှင့်တင်နိုင်ဖို့ အမျိုးသားပို့ကုန်မဟာ ဗျုဟာချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းဝန်ကြီးက ပြောခဲ့ပါတယ်။

မြန်မာ့လယ်ယာကဏ္ဍမှာ အသားတင်စိုက်ပျိုးထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်းကို စက်မှု ကိရိယာသုံးပြီး စိုက်ပျိုးထုတ်လုပ်နိုင်နေပြီလို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား ပြည်ထောင်စုလွှတ်တော်ထဲ ၁နာရီခန့်ကြာ လာရောက်ရှင်းလင်းတင်ပြခဲ့ရာမှာ အစိုးရသစ်လက်ထက် ကျန်းမာရေး၊ ပညာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ စိုက်ပျိုးရေး၊လျှပ်စစ်မီး ရရှိရေး၊ ဆောက်လုပ်ရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်အရေးတို့ကို အစိုးရအနေနဲ့ ခက်ခက်ခဲခဲ ကိုင်တွယ် လုပ်ဆောင်နေရပုံတွေကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။

အစိုးရသစ်ရဲ့ ကျန်ရှိတဲ့ သက်တမ်းကာလ ၂နှစ်ခွဲအတွင်းမှာ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘ၀မြင့်မားရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို ဦးတည် လုပ်ဆောင် အကောင်အထည်ဖော်သွားမယ်လို့လည်း ၀န်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013