DVB Logo
Home
မြန်မာသတင်း
အိန္ဒိယအစိုးရက မောင်တောဒေသအတွင်း နေအိမ် ၂၅၀ ဆောက်လုပ်လှူဒါန်း
DVB
·
September 19, 2018
အိန္ဒိယအစိုးရက မောင်တောဒေသအတွင်း နေအိမ် ၂၅၀ ဆောက်လုပ်လှူဒါန်း
1 / 4
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အိန္ဒိယအစိုးရက နေအိမ် ၂၅၀ ဆောက်လုပ် လှူဒါန်းနေပြီး ရွှေစားကျေးရွာမှာ ၁၄၈ အိမ်၊ နံသာတောင်ရွာမှာ ၄၂ အိမ်၊ ကြိမ်ချောင်းတောင်ရွာ မှာ ၆၀ အိမ် စုစုပေါင်းအိမ်ခြေ ၂၅၀ ဆောက်လုပ်နေပါတယ်။

စက်တင်ဘာလ ၁၇ ရက်က မောင်တောမြို့သို့ ရောက်ရှိလာတဲ့ အိန္ဒိယ​ ကောင်​စစ်​၀န်​ချုပ်​ ကူမာပရာဗန်းနဲ့​ အိန္ဒိယ​ကောင်​စစ်​၀န်​ ရာဂျက်ရှ်ကူးမားတို့ဟာ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့အတူ နံသာတောင်ကျေးရွာကျောင်း ဆရာတော် ဦးစရဏ တို့ တွေ့ဆုံပြီး နံသာတောင်ကျေးရွာ အိမ်ထောင်စု ၄၂ စုအတွက် နေအိမ်တွေ လှူဒါန်းရေး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်သမားတွေရဲ့ မီးရှို့ခံခဲ့ရပြီး အခုထိပြန်လည် မတည်ဆောက်နိုင်ဘဲ ကျေးရွာသူ/သားတွေမှာလည်း နီးစပ်ရာဆွေးမျိုးအိမ်တွေမှာ ခိုကပ်နေထိုင်နေရတာဖြစ်ပါတယ်။

အိန္ဒိယ​ကောင်​စစ်​၀န်​ချုပ်​ ကူမာပရာဗန်းက အိန္ဒိယအစိုးရမှ လှူဒါန်းမယ့် နံသာတောင်ကျေးရွာက နေအိမ်တွေကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင် တည်ဆောက်မှာဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နေအိမ်တွေမီးရှို့ခံခဲ့ရပြီး နေစရာမရှိဖြစ်နေတဲ့ ဟိန္ဒူလူမျိုးတွေအတွက် နေအိမ် ၁၄၈ လုံးကို ရွှေစားကျေးရွာမှာ ၂၀၁၈ ခုနှစ် မေလမှ စတင်တည်ဆောက် နေတာဖြစ်ပြီး အခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ပြန်လည်ဝင်ရောက်လာပါက နေထိုင်ဖို့အတွက်လည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း တောင်ရွာမှာ UEHRD မှ အိမ်ခြေ ၂၀၀ တည်ဆောက်ရာမှာ အိမ်အလုံး ၆၀ ကို အိန္ဒိယအစိုးရက လှူဒါန်းထားပါတယ်။

မောင်တောဒေသအတွက် အိန္ဒိယကလှူဒါန်းတဲ့ နေအိမ်တွေကို အိန္ဒိယအခြေစိုက် ENERTECH Engineering ကုမ္ပဏီက  တာဝန်ယူတည်ဆောက်နေတာ ဖြစ်ပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013