DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
September 19, 2018
ဘင်္ဂလားပင်လယ်အော်တွင် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာကာ နောက် ၂၄ နာရီ အတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့  မြန်မာ့ကမ်းရိုးတန်းအနီးဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာ ဆက်လက်တည်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်၊  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ပေမှ ၁၂ပေခန့်ထိရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့  ကြိုတင်သတိပြုကြဖို့လည်း မိုးဇလဌာနက အကြံပြု နှိုးဆော်ထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကလည်း ၂၄ နာရီအတွင်း မုန်းတိုင်းငယ်ဖြစ်နိုင်တဲ့အကြောင်းနဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဖက်ကိုရွေ့လျှားပြီး စက်တင်ဘာ ၂၀ရက်မှာ အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013