DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျန်းမာရေးနှင့်ပညာရေးအတွက် ဒေါ်လာသန်း ၅၀ ဗြိတိန်ကူညီ
DVB
·
September 19, 2018
ရခိုင်ပြည်နယ် ကျန်းမာရေးနှင့်ပညာရေးအတွက် ဒေါ်လာသန်း ၅၀ ဗြိတိန်ကူညီ
Donate to DVB

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် အသုံးပြုဖို့ အမေရိကန်ဒေါ်လာသန်း ၅၀ ကို ဗြိတိန်အစိုးရက အကူအညီပေးထားပါတယ်။

ဗြိတိန်အစိုးရက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာသန်း၂၀၀ ကူညီထောက်ပံ့ပေးထားပြီး ဒီအထဲကမှ သန်း ၅၀ ကို ရခိုင်ပြည်နယ်အတွက် ကျန်းမာရေး၊ ပညာရေးငွေချေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကူညီပေးတာပါ။

ဗြိတိသျှသံအမတ်ကြီး မစ္စတာဒန်ချက်ဂ်က “ပြီးခဲ့နှစ်က ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ တ၀န်းလုံးမှာ ဒေါ်လာသန်း၂၀၀ အသုံးပြုခဲ့ပါတယ်။ ဒေါ်လာ သန်း ၂၀၀ ထဲက စုစုပေါင်း၎ ပုံ တပုံရှိပါတယ်။ အဲ့ဒီ ၄ ပုံ ၁ ပုံကို ရခိုင်ပြည်နယ်အတွက် အသုံးပြုခဲ့ပါတယ်။ ဒီနှစ်မှာလည်း ကျနော်တို့အနေနဲ့ မနှစ်ကလိုပဲ ဒီပမာဏလောက်သုံးစွဲသွားဖို့ လျှာထားပါတယ်။ ကျနော်တို့ ဗြိတိန်အစိုးရအနေနဲ့ ဘတ်ဂျက်ကိုတိုးပြီး သုံးစွဲနိုင်တဲ့ အနေအထားရှိပါတယ်။”လို့ ပြောပါတယ်။

ဗြိတိန်အစိုးရက ရခိုင်ပြည်နယ်မှာ ကျန်းမာရေး၊ ပညာရေး၊ အစာအဟာရဖူလုံရေး၊ အသေးစားချေးငွေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဗြိတိသျှသံအမတ်ကြီး ဒန်ချက်ဂ်က “ကျနော်တို့ ရခိုင်ပြည်နယ်တဝန်းလုံးမှာ ဆောင်ရွက်နေတာပါ။ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မည်သည့် မျိုးနွယ်စုမဆို၊ ဘယ်အသိုင်းအဝိုင်းကိုမဆို ရံပုံငွေရရှိအောင် ကူညီဆောင်ရွက်ပေးနေတာပါ။ အဓိကကျနော်တို့ ကူညီတာတွေက ကျန်းမာရေး၊ ပညာရေး၊ အစာအဟာရဖူလုံရေး၊ အသေးစားချေးငွေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင်ဗြိတိန်အစိုးရက လယ်သမားတွေဘ၀ မြင့်မားလာစေရေးအတွက် လယ်သမားတွေကို ချေးငွေ ထုတ်ချေးတာတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကိုယ်ဝန် ၃ လက၂ နှစ်သား အရွယ်ထိ ရက် ၁၀၀၀  ကူညီပေးနေတယ်လို့ဆိုပါတယ်။

ဒီစီမံကိန်းမှာတော့ အသေးစားချေးငွေလုပ်ငန်းမှာ ရခိုင်ပြည်နယ်အတွင်း လူပေါင်း ၃၆၀,၀၀၀ အတွက် အသေးစားချေးငွေတွေကို ထုတ်ပေးထားပြီး  မိသားစုတစ်စုအတွက် ချေးငွေကို အမေရိကန်ဒေါ်လာ ၅၀ ကနေ ၅၀၀ ထိ ထုတ်ချေးပေးနေတယ်လို့လည်း သံအမတ်ကပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013