DVB Logo
Home
မြန်မာသတင်း
ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းများကို အရေးယူတော့မည်ဟု အစိုးရသတိပေး
DVB
·
September 18, 2018
ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းများကို အရေးယူတော့မည်ဟု အစိုးရသတိပေး
Donate to DVB

ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM) ကိုတားမြစ်ကြောင်းနဲ့ လုပ်ကိုင်ရင် အရေးယူမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးထုတ်ပြန်တာလို့ စားသုံးသူရေးရာ ဦးစီးဌာနက ဖော်ပြထားပါတယ်။

ဒီအမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့နေ့ကစလို့ အာဏာတည်မှာဖြစ်ပြီး တားမြစ်ထားတဲ့ ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင်နေတာကို စုံစမ်းတွေ့ရှိရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမယ်လို့ ဆိုပါတယ်။

ဒီစနစ်နဲ့ ကုန်ပစ္စည်းရောင်းချနေတဲ့ကုမ္ပဏီတွေဟာ တရားဝင်မှတ်ပုံတင်ထားတာ၊ အက်ဖ်ဒီအေ လက်မှတ်ရရှိထားတာတွေ ရှိပေမယ့် စနစ်ကို အရေးယူမှာဖြစ်တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013