DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်​နယ်​တွင် ထောင်​ကျ​နေသည့် ဆယ်တန်းကျောင်းသား​ ၃၀ ​ကျော်အနက်​ ၁၆ ဦး စာပေးပွဲဖြေမည်
DVB
·
September 18, 2018
ရှမ်းပြည်​နယ်​တွင် ထောင်​ကျ​နေသည့် ဆယ်တန်းကျောင်းသား​ ၃၀ ​ကျော်အနက်​ ၁၆ ဦး စာပေးပွဲဖြေမည်
Donate to DVB

ရှမ်းပြည်​နယ်​ထဲမှာ အပြစ်​ဒဏ်​​တွေကြောင့် ထောင်ကျနေတဲ့ တက္ကသိုလ်​ဝင်​တန်း အကျဉ်းသား ၃၀ ​ကျော်ရှိပြီး ၂၀၁၈ ခုနှစ်​ စာ​မေးပွဲ ဝင်​​ရောက်​​ဖြေဆိုမယ့်သူ ၁၆ ဦးရှိတယ်​လို့ သိရပါတယ်​။

ကျောင်းသား​တွေ ပညာ​ရေးအခွင့်အ​ရေးမဆုံးရှုံးဖို့ စက်​တင်​ဘာလ ၁၈ ရက်​​ ရှမ်းပြည်​နယ်​လွတ်​​တော်​ အစည်းအ​ဝေးမှာ မိုးနဲမဲဆန္ဒနယ်​ လွှတ်​​တော်​ကိုယ်​စားလှယ် ဦးမျိုးမြင့်က ကြယ်​ပွင့်ပြ​မေးခွန်း ​မေးမြန်းခဲ့ပါတယ်​။

မေးခွန်းကို ရှမ်းပြည်​နယ်​ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာမျိုး ထွန်းပြန်​လည်​​ဖြေကြားရာမှာ “အပြစ်​ဒဏ်​​ကြောင့် တက္ကသိုလ်​ဝင်​တန်း ​အကျဉ်းသားအကျဉ်းသူ ညောင်​​ရွှေ အကျဉ်း​ထောင်​ မှာ၁၉ ဦး၊ လားရှိုး အကျဉ်း​ထောင်​မှာ ၁၀ ဦး၊ သီ​ပေါအကျဉ်း​ထောင်​မှာ ၁၀ ဦးနဲ့ ကျိုင်းတုံ အကျဉ်း​ထောင်​မှာ ၄ ဦးတို့ရှိပြီး တက္ကသိုလ်​ဝင်​​ဖြေဆိုဖို့ ဆန္ဒပြုသူမှာ ​ညောင်​​ရွှေက ၉ ဦး၊ လားရှိုး က ၂ ဦး၊ သီ​ပေါက ၁ ဦးနဲ့ ကျိုင်းတုံ က ၄ ဦး စုစု​ပေါင်း ၁၆ ဦးကို ပညာ​ရေးဝန်​ကြီးဌာနက ရန်​ကုန်​ အင်းစိန်​နဲ့ မန္တ​လေးဗဟိုအကျဉ်း​ထောင်​တို့မှာ စာစစ်​ဌာန ဖွင့်လှစ်​ထားတဲ့အတွက်​ အဲဒီ စာစစ်​ဌာန နှစ်​ခုမှာ သွား​ရောက်​​ဖြေဆိုရမှာဖြစ်​တယ်” ​လို့ ပြန်​လည်​​ဖြေကြား​ခဲ့ပါတယ်​။

အပြစ်​ဒဏ်​​ကြောင့် အကျဉ်းကျခံရသူတွေဟာ အရင်​ကစာဖတ်​ဖို့​တောင်​မလွယ်​ကူတဲ့ အတွက်​ ​အပြစ်​ဒဏ်​​ကြောင့် ​ကျောင်းသားလူငယ်​​တွေ ပညာ​ရေးအခွင့်အလမ်းမဆုံးရှုံးအောင်​ ကြယ်​ပွင့်ပြ​မေးခွန်း  မေးမြန်းရတယ်​လို့ လွှတ်​​တော်​ကိုယ်​စားလှယ် ​တွေက​ပြောပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013