DVB Logo
Home
မြန်မာသတင်း
ကမန်လူမျိုးမဟုတ်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှု ကန့်ကွက်
DVB
·
September 18, 2018
ကမန်လူမျိုးမဟုတ်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှု ကန့်ကွက်
Donate to DVB

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမော်ကျေးရွာက ကမန်တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီလူမျိုးတွေကို လဝကနေပြီးတော့ ကမန်တိုင်းရင်းသားအသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေတာကို ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ပဋိက္ခတွေကို ဖြစ်ပွားလာမှာ ဖြစ်တဲ့အတွက် ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ကမန်တိုင်းရင်းသားတွေက ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ကန့်ကွက်လိုက်တာပါ။

နေပြည်တော် လ.ဝ.က ကနေပြီးတော့ ပွင်းလင်းမြင်သာမှုမရှိဘဲ ဒေသခံ တိုင်းရင်းသား မဟုတ်တဲ့ သူတွေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် သြဂုတ်လကုန်အထိ ကမန်တိုင်းရင်းသားအသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားကို အယောက် ၃၃၀၆ ယောက် ထုတ်ပေးပြီးဖြစ်တယ်လို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

အဲဒီဒေသမှာတော့ ရခိုင်၊ ချင်းနဲ့ ကမန်တိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်အခုလို ကမန်တိုင်းရင်းသားမဟုတ်တဲ့ တခြား အစ္စလာမ် ဘာသာဝင်တွေကို ကမန်တိုင်းရင်းသား နိုင်ငံသားကတ်ထုတ်ပေးနေတာကို အစိုးရအနေနဲ့ စိစစ်ပေးဖို့လိုအပ်ပြီး မသမာမှုလုပ်ထားတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူ ပေးဖို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာတော့ ကမန်တိုင်းရင်းသားဦးရေ ခန့်မှန်းချေ ၄၀၀၀၀ ကျော် လောက် နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013