DVB Logo
Home
မြန်မာသတင်း
မယ်လအူးစခန်းမှ တောင်ကျရေထဲမျောသွားသူများအနက် ၁ ဦးအလောင်း ပြန်တွေ့
DVB
·
September 18, 2018
မယ်လအူးစခန်းမှ တောင်ကျရေထဲမျောသွားသူများအနက် ၁ ဦးအလောင်း ပြန်တွေ့
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးဒုက္ခသည် စခန်းမှာ  တနင်္ဂနွေနေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့ တောင်ကျရေတိုက်စားမှုကြောင့် ရေစီးနဲ့အတူ မျှောပါ ပျောက်ဆုံးနေသူတွေထဲက ၁ ဦးရဲ့အလောင်းကို ဒီမနက် သောင်းရင်းမြစ်ထဲ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

တောင်ကျရေတိုက်စား မြေပြိုမှုကြောင့် လူ ၁၁ ဦးဒဏ်ရာရရှိပြီး  ၈ ဦးပျောက်ဆုံးနေခဲ့ရာ အခင်းဖြစ်ပွားတဲ့ညကပဲ ကလေး ၁ ဦးရဲ့အလောင်းကို ပြန်ရှာတွေ့ပြီး နောက်ထပ် အသက် ၂၃ နှစ်အရွယ်အမျိုးသမီးရဲ့ အလောင်းကိုတော့ သောင်းရင်းမြစ်ထဲမှာ ဒီကနေ့ တွေ့ရှိခဲ့တာလို့  ကရင်ဒုက္ခသည်ကော်မတီ ပြောခွင့်ရသူ စောဘွေက ပြောပါတယ်။

ထိခိုက်ပျောက်ဆုံးသူတွေထဲမှာ ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင် နော်မူးဆာဆိုတဲ့ အမျိုးသမီးတဦးကတော့ သူ့အမျိုးသားမျောပါပျောက်ဆုံးနေပြီး အသက် ၂ နှစ် သမီးငယ်လေး သေဆုံးခဲ့သလို သား၂ ဦးနဲ့ သူကိုယ်တိုင်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သူ့ကိုသွားရောက်ကူညီခဲ့သူ နော်မီးက “သူ့မှာ ကလေး ၃ ယောက်ရှိတယ်၊ အခု ကိုယ်ဝန်နဲ့ဆို ၄ ယောက်ပေါ့။ အကြီးဆုံးသားက ၇ နှစ်လောက်ရှိမယ်။ သမီးမိန်းကလေး တယောက်တော့ ထိခိုက်သေဆုံးသွားတယ်။ အခု သား ၂ယောက်နဲ့ ကိုယ်ဝန်ရှိနေတာပေါ့။ အခုဆရာဝန်တွေလည်းလာပြီး သူ့ကိုဆေးရုံခေါ်သွားတယ်။ သူ့ကိုယ်ဝန်ထဲက ကလေးကို စပ်သပ်ဖို့ပေါ့။ ဆုံးသွားတဲ့သမီးအတွက်တော့ ကျမတို့မနေ့က သွားရောက်ကူညီခဲ့ပါတယ်။”လို့ ပြောပါတယ်။

ဒါ့အပြင်သူ့ရဲ့ အိမ်လုံးဝမျောပါကုန်တဲ့အတွက်လည်း အကူအညီတွေလိုအပ်နေသလို စိတ်ဓာတ်ရေးရာဆိုင်ရာအားပေးမှုတွေ အများကြီးလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ရေထဲမျောပါပျောက်ဆုံးသွားတဲ့သူ့အမျိုးသားဟာလည်း ပြီးခဲ့တဲ့မတ်လကမှ ဒုက္ခသည်စခန်းမှာ အမြင့်ဆုံးကျောင်းဖြစ်တဲ့ ကျမ်းစာကျောင်းကို အောင်မြင်ခဲ့သူ အသက် ၂၈ နှစ်အရွယ် စောဟေကလယ်ထူးဖြစ်ပါတယ်။

မျောပါသေဆုံးသူ ၈ဦးထဲမှာ  လူကြီး၂ ဦးပါဝင်ပြီး ကျန်သူတွေကတော့ အသက် ၂ နှစ်ကနေ ၁၂ အရွယ်ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ရေကြီးမြေပြိုမျောပါမှုကြောင့် လူနေအိမ်ခြေ ၇ လုံးမျောပါပျက်စီးခဲ့သလို နောက်ထပ် ၆ လုံးကလည်း တပိုင်းတစပျက်စီးလို့ နေထိုင်လို့မရတော့ပါဘူး။

ဒ့ါအပြင် စခန်းအတွင်းရှိ အန်ဂျီအိုရုံး၊ ဘုရားကျောင်းနဲ့ ဘုရားကျောင်းအတွင်းက အဆောက်အဦ ၉ခုလည်း ရေထဲမျောပါပျက်စီးသွားခဲ့တယ်လို့လည်း  ဒုက္ခသည် စခန်းက ရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013