DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်​မာနယ်​စပ်​ဂိတ်​​တွင် ခိုက်ရန်​ဖြစ်ပွား၊ ပဋိပက္ခမဖြစ်စေရန် လုံခြုံရေးတိုးမြှင့်
DVB
·
September 18, 2018
အိန္ဒိယ-မြန်​မာနယ်​စပ်​ဂိတ်​​တွင် ခိုက်ရန်​ဖြစ်ပွား၊ ပဋိပက္ခမဖြစ်စေရန် လုံခြုံရေးတိုးမြှင့်
Donate to DVB

အိန္ဒိယ-မြန်​မာနယ်​စပ်​ အမှတ်​ (၁) ဂိတ်​နဲ့ (၂)ဂိတ်​အကြား ပဲတန်းပေါက်အနီး ခိုက်​ရန်​ ဖြစ်​ပွားမှုကြောင့် နှစ်နိုင်ငံပဋိပက္ခမဖြစ်စေဖို့ လုံခြုံရေးတိုးမြှင့်ထားရတယ်လို့ တမူးမြို့နယ် ​​အထွေထွေအုပ်​ချုပ်ရေးမှူး ဦးမျိုးမင်း​အောင်​က ပြောပါတယ်။

“ဆိုင်ကယ်က ဆိုင်ကယ်ချင်းလမ်းမှားပြီးတော့ သူတို့ဘက်က ဘယ်ဘက်ကမောင်းတာ ကျနော်တို့ဘက်က ညာဘက်ကမောင်းတာ။ လမ်းမှားပြီး တိုက်မိကြတာ။ တယောက်နဲ့ တယောက် ရန်ဖြစ်ပြီး ခဲတွေနဲ့ပေါက်ကြတာ။ ဒီနေ့ကစပြီး ကျနော်တို့က လုံခြုံရေးအရ ညစဉ်ပတ်ဆို့ ရှာဖွေမှုတွေ ရှိမယ်။ ရဲတပ်ရင်း လုံခြုံရေးကို တိုးမြင့်ဆောင်ရွက်သွားမယ်”လို့ ထွေအုပ် ဦးမျိုးမင်းအောင်က ပြောပါတယ်။

စက်​တင်​ဘာ ၁၇ ရက်​က တမူးမြို့ ပဲတန်း​ပေါက်​အနီးမှာ စန္ဒကူးရပ်​ကွက်​​နေ ဝါဆို​အောင်​ (၁၈)နှစ်​ ကျပမ်းလုပ်ကိုင်သူဟာ ဆိုင်​ကယ်​နဲ့ အမှတ် ​(၁) ဂိတ်​မှ (၂) ဂိတ်​ သွားရာလမ်းအတိုင်း ယာဘက်​ကပ်ေ​မာင်းနှင်​လာစဉ်​ ပဲတန်း​ပေါက်​အ​ရှေ့အ​ရောက်မှာ အိန္ဒိယနိုင်​ငံ မိုး​ရေးမြို့ ရပ်​ကွက်​ (၄)​နေထိုင်​သူ ဦးအွန်​ခို​ထောင်​ဘိုင်​တီး ​မောင်းနှင်​လာ​တဲ့ ဆိုင်​ကယ်​နဲ့ ချိတ်​မိပြီး လဲကျသွားခဲ့တာပါ။

ဒီနောက် ဦးအွန်​ခို​ထောင်​ဘိုင်​တီးက မောင်​ဝါဆို​အောင်​အား လက်​သီးနဲ့ ထိုးနှက်​ရာ ​မောင်​ဝါဆို​အောင်​က​ ရှောင်​​တိမ်းထွက်​သွားခဲ့​ပြီး  ​မိုး​ရေးမြို့ဘက်​မှ တမူးမြို့ဘက်​သို့လမ်း​ လျှောက်​ပြန်​လာတဲ့ တန့်​ဆည်​မြို့​​ မင်္ဂလာဒုံရပ်​ကွက်​နေသူ ကို​ဇော်​မင်း (ခ)​ လေးအိုး​ကျော်​​ဆွေ ကို ဦးအွန်​ခို​ထောင်​ဘိုင်​တီး အပါအ၀င် ၅ ဦးလောက် ဝိုင်းဝန်းထိုးကြိတ်​တဲ့အတွက် ဦး​ခေါင်း​ နောက်​​စေ့​ပေါက်​ပြဲ ဒဏ်​ရာနဲ့ ယာလက်​ဖျံပွန်းပဲ့ဒဏ်​ရာများရရှိကာ တမူးမြို့ပြည်​သူ့​ဆေးရုံသို့  တင်​ပို့ ကုသနေပြီး လူစုလူ​ဝေးဖြစ်​​ပေါ်ခဲ့​တာပါ။

တမူးမြို့ခံ ကို​မောင်​သားက “အပြန်​အလှန်​​တော့ မဟုတ်​​ဘူး။ သူတို့က မြန်​မာ​ဆေးသမားကို အရင်​ရိုက်​တယ်​။ ပြီး​တော့ ဆိုင်​ကယ်​သမားကို ထိုးတယ်​။ ဒါကို ဂိတ်​ကဆိုင်​ကယ်​သမား​တွေက မ​ကျေနပ်​လို့ လုပ်​ကျတယ်​။ ရိုက်​တဲ့​ကောင်​က အထဲထွက်​​ပြေး တယ်​။ သူတို့ဘက်​က တားဆီး နှိမ်​နင်း​ရေးအဖွဲ့က အဲ​လောက်​ထိ ​ရိုက်​နှက်​တာ​တော့ နှစ်​ဖက်​နိုင်​ငံ ဆက်​ဆံ​ရေးအ​နေနဲ့ ကြည့်ရင်​ မသင့်တော်​​ဘူး။ နည်းနည်းပါးပါး ဆုံးမလွှတ်​လိုက်​ ပြီးတာပဲ။ ခုဟာက ​မေ့လဲ​နေ​အောင်​ထိ ရိုက်​နှက်​ထားတာ။”လို့ ပြောပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013