DVB Logo
Home
မြန်မာသတင်း
သံအမတ်ဆီ စာရေးတောင်းဆိုခဲ့သည့် မြန်မာကလေးငယ် နော်ဝေသင်္ဘောပေါ်လေ့လာခွင့်ရ
DVB
·
September 18, 2018
သံအမတ်ဆီ စာရေးတောင်းဆိုခဲ့သည့် မြန်မာကလေးငယ် နော်ဝေသင်္ဘောပေါ်လေ့လာခွင့်ရ
1 / 5
Donate to DVB

အသက် ၈ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးဟာ နော်ဝေသံအမတ်ကြီးဆီကို စာရေးသားပေးပို့ခဲ့ပြီးနောက် နော်ဝေကနေ မြန်မာနိုင်ငံကိုရောက်လာတဲ့ သုတေသန သင်္ဘောပေါ်ကို တက်ရောက်လေ့လာခွင့်ရရှိခဲ့တယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

သုတေသနလုပ်ငန်းသုံးရေယာဉ် Dr. Fritdjof Nansen ရဲ့ ခရီးစဉ်အတွက် နော်ဝေသံရုံးက လိုအပ်တာတွေ ပြင်ဆင်နေတုန်းမှာ နော်ဝေသံအမတ်ကြီးဆီကို လှပသေသပ်စွာ ခေါက်ထားတဲ့ စာတစောင် ရောက်ရှိလာခဲ့တယ်လို့ အစချီဖော်ပြထားပါတယ်။

ဒီစာကိုရေးသူကတော့  ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မူလတန်းကကျောင်းသား ဝေဟင်ထွန်းထွန်း ခေါ်တဲ့ ဝီလျံဖြစ်ပါတယ်။

ငါး၊ ငါးမန်းနဲ့ ဂဏန်းတွေကို စိတ်ဝင်စားတဲ့ ၀ီလျံလေးဟာ အဲဒီ ကမ်းရိုးတန်းသွား သင်္ဘောကြီးပေါ်မှာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေ ပါလာမယ်လို့ မိခင်ဆီကတဆင့် သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်အဲဒီ သင်္ဘောပေါ်ကို လေ့လာလည်ပတ်ခွင့်ပြုဖို့ သံအမတ်ကြီးဆီကို အင်္ဂလိပ်ဘာသာနဲ့ စာရေး တောင်းဆိုလာခဲ့တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် Dr. Fritdjof Nansen သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရေယာဉ်အမှုထမ်းတွေက ဝီလျံနဲ့ သူ့ရဲ့ မိခင်တို့ကို ရေယာဉ်တပတ် တာဝန်ယူ လှည့်လည်ပြသပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

မြန်မာကျောင်းသားလေးကို ရေယာဉ်မှူးကြီး Aron Håpoldøy ကိုယ်တိုင် လက်ခံကြိုဆိုခဲ့ပြီး ရေယာဉ်အရာရှိချုပ် ကိုယ်တိုင်ကလည်း ရေယာဉ်တလျှောက် လိုက်လံပြသပေးခဲ့ပါတယ်။

အနာဂါတ်မှာ သိပ္ပံပညာရှင်တယောက်ဖြစ်လာမယ့် မြန်မာကလေးငယ်တစ်ယောက်ကို ကမ်းရိုးတန်းသွား Dr. Fritdjof Nansen ရေယာဉ်ပေါ်မှာ အခုလို လက်ခံကြိုဆိုခွင့်၊ လိုက်လံပြသခွင့် ရရှိခဲ့လို့ အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီသဘောင်္ကြီးဟာ မြန်မာနိုင်ငံကို စက်တင်ဘာ ၁၂ ရက်မှာ ရောက်လာတာ ဖြစ်ပြီး ဒါဟာ ၄ ကြိမ်မြောက်ရောက်လာတာပါ။ ၁၉၇၉၊ ၂၀၁၃နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းကလည်း လာရောက်ခဲ့ပြီး မြန်မာ့ပင်လယ်ပြင်က ငါးသယံဇာတနဲ့ တခြားဇီဝမျိုးကွဲတွေ  အခြေအနေအပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သုတေသန အချက်အလက်တွေကို စုဆောင်း ပေးခဲ့ပါတယ်။

ဓာတ်ပုံ-နော်ဝေသံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013