DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း ရဲထက် ဖမ်းဆီးခံရ
DVB
·
September 18, 2018
ဗိုလ်ကြီးဟောင်း ရဲထက် ဖမ်းဆီးခံရ
Donate to DVB

ဒီကေဘီအေ ခွဲထွက်အဖွဲ့ရဲ့ လူယုံ တစ်ဦးဖြစ်ခဲ့ဖူးတဲ့   မြန်မာ တပ်မတော်ဗိုလ်ကြီးဟောင်း ရဲထက်ဟာ မနေ့က ကရင်ပြည်နယ်၊ မြ၀တီခရိုင်မှာ  ဖမ်းဆီးခံခဲ့ရပါတယ်။

စက်တင်ဘာလ ၁၇ မနက် ၈ နာရီခွဲလောက်မှာ မြ၀တီခရိုင် လေးကေကော်မြို့လယ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး သူ့ကို စစ်ဘက်ဆိုင်ရာအဖွဲ့တဖွဲ့က အကြောင်းပြချက် တစုံတရာမပြောဘဲ လာရောက်ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ကားတစီးက BGF လို့ထင်တယ်။ နောက်တစီးမှာတော့ စရဖလို့ထင်တာပဲ။ ဘာတခုမှ မပြောဘဲ ခေါ်သွားတယ်။ သူ့ကို ဘယ်ကိုခေါ်သွားမှန်း ဘာတခုမှ မသိရသေးဘူး။”

သူ့ကိုဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆို တာကိုတော့ ခုချိန်ထိ မသိရသေးပါဘူး။

ဗိုလ်ကြီးဟောင်းရဲထက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဒီကေဘီအေ ခွဲထွက်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကေအန်ယူ ဦးစီးတည်ထောင်ထားတဲ့ လေးကေကော်မြို့သစ်မှာ မိသားစုဝင်တွေနဲ့အတူ နေထိုင်နေတာ သုံးလလောက်ရှိနေပြီ ဖြစ်ပါတယ်။

ကေအန်ယူတပ်မဟာ (၆) လေးကေကော်က တာဝန်ယူရှိသူတဦးဖြစ်တဲ့  ဗိုလ်မှူး ရန်နိုင်ကတော့ ရဲထက်ဟာ လေးကေကော်မှာရှိတဲ့ သူမိသားစုဝင်တွေဆီမှာ လာရောက်ခို လုံနေထိုင်တာဖြစ်ပြီး ကေအန်ယူအနေ့ သူ့ကို တပ်ဖွဲ့ဝင်အဖြစ် လက်မခံထားသေးဘူးလို့ ပြောပါတယ်။

“ဒီကိုရောက်တယ်ဆိုတာကတော့ သူတို့ဒီအရင်က တိုက်ပွဲဖြစ်ပြီးတော့ ဗိုလ်ဆန်းအောင်တို့နဲ့ ဟိုဘက်ပါသွားတယ်။ ပြီးတော့ ပြန်လာပြီးတော့ မိသားစုက ဒီမှာရှိတော့ ဒီမှာလာခိုလှုံတဲ့သဘောပဲဖြစ်လိမ့်မယ်။ ကျနော်တို့ကတော့ မကူညီသလို မနှောက်ယှက်ဘူးပေါ့ နော်။ ကျနော်တို့တော့ လက်မခံထားဘူး။ လက်ခံလို့လည်းမရဘူးလေ။ ”

ရဲထက်ဟာ တပ်မတော်ကနေ ထွက်ပြေးလာပြီးနောက်  ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ ပူးပေါင်းခဲ့သူဖြစ်သလို သူရဲ့ လုပ်ဆောင်ချက်အားလုံးကို မသိတဲ့အတွက်လည်း သူ့ကို ကေအန်ယူအနေနဲ့ တရားဝင် လက်ခံထားတာ မရှိဘူးလို့လည်း ဗိုလ်မှူးရန်နိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013