DVB Logo
Home
မြန်မာသတင်း
ဘိုကလေး မြို့မရဲစခန်း အချုပ်ခန်းဖောက်ပြေးသူ ၃ ဦးအနက် ၂ ဦး ပြန်ဖမ်းမိ
DVB
·
September 18, 2018
ဘိုကလေး မြို့မရဲစခန်း အချုပ်ခန်းဖောက်ပြေးသူ ၃ ဦးအနက် ၂ ဦး ပြန်ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မရဲစခန်းမှာ စက်တင်ဘာ ၁၈ ရက်မနက် ၃ နာရီခွဲ လောက်က အချုပ်ခန်းသစ်သားတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၃ ဦးအနက် ၂ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီလို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကနေ သိရပါတယ်။

ထွက်ပြေးတဲ့ အချုပ်သားတွေဟာ ခိုးမှုနဲ့ရဲက ဖမ်းဆီးစစ်ဆေးခံနေရသူ အာကာဂျူး(၂၃ နှစ်) ကျောင်းဆရာမစုံတွဲကို ဓားထောက်လုယက်မှုနဲ့ ရဲက ဖမ်းဆီးစစ်ဆေးနေ သူ ပိုးဖြူ(ခ)နန္ဒအောင်(၁၉ နှစ်)နဲ့ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ ပစ်မှုပုဒ်မ ၃၇၇ နဲ့ ရဲကဖမ်းဆီးစစ်ဆေး ခံနေရသူ လှနိုင်ဦး(၃၃ နှစ်)တို့ ဖြစ်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သား ၃ ဦးကို ပြန်လည်ဖမ်းဆီးရမိဖို့ မအူပင်နဲ့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေရာမှာ  မနက် ၇ နာရီ ၄၀ မိနစ်လောက်မှာ မအူပင်မြို့နယ် ရေလဲကျေးရွာနားက လယ်ကွင်းထဲမှာ အာကာဂျူးနဲ့ ပိုးဖြူ(ခ)နန္ဒအောင်တို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး လှနိုင်ဦးကတော့ လွတ်မြောက်ဆဲပဲလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက “သုံးယောက်ထွက်ပြေး လွတ်မြောက်သွားတာမှာ နှစ်ယောက်တော့ပြန်ဖမ်းမိပါပြီ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တယောက်ကိုလည်း ပြန်လည်ဖမ်းမိအောင် ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

လွတ်မြောက်နေတဲ့ လှနိုင်ဦး (၃၃ နှစ်)ဟာ ဘိုကလေးမြို့နယ် ခရေကွဲကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး ဘိုကလေးမြို့မရဲစခန်းက(ပ)၃၄၆/၂၀၁၈ ဓမ္မတာနှင့်ဆန့်ကျင်သော ပြစ်မှု ပုဒ်မ ၃၇၇ နဲ့ ဖမ်းဆီးစစ်ဆေးခံနေရသူ ဖြစ်ပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013