DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်စီမံကိန်းများ ပြည်သူစိုးရိမ်မှု အလေးထားရန်လိုဟု ဒေါက်တာဇော်မြင့်မောင်ပြော
DVB
·
September 18, 2018
မြန်မာ-တရုတ်စီမံကိန်းများ ပြည်သူစိုးရိမ်မှု အလေးထားရန်လိုဟု ဒေါက်တာဇော်မြင့်မောင်ပြော
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီမံကိန်းလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုအလေးထားစဉ်းစားဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဒုဥက္ကဋ္ဌ(၂)၊ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ ဒေါက်တာဇော်မြင့်မောင် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်သွယ်ရေးဝန်ကြီး ဆောင်တာအိုတို့ တွေ့ဆုံဆွေးနွေးတုန်း ပြောခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်က “စီမံကိန်းတွေဆောင်ရွက်ကြရာမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အလေးထားဆောင်ရွက်ဖို့၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထားစဉ်းစားဖို့၊ နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုရှိစေဖို့အတွက် နှစ်နိုင်ငံကြားစီမံကိန်းတွေဟာ သဟဇာတဖြစ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသတွင်းရှိ လူမှုစီးပွားရေးကိစ္စတွေ ဖြည့်ဆည်းပေးဖို့နဲ့  ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်ရေး အလေးထားဖို့ စတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်မှပဲ အောင်မြင်မှုရရှိမယ်” လို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

တရုတ်ဝန်ကြီး ဆောင်တာအိုက နိုင်ငံနှစ်နိုင်ငံ၊ ပါတီနှစ်ခုနဲ့  ပြည်သူနှစ်ရပ် အကြားမှာ ယုံကြည်မှုနဲ့ နားလည်မှုတို့ ပိုမိုရရှိခဲ့ကြကာ အချင်းချင်းကူညီပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ကြိုးစားတည်ဆောက်ကြမယ်လို့ ဆွေးနွေးခဲ့ကြောင်း အဖွဲ့ချုပ်သတင်းမှာ ဖော်ပြပါတယ်။

ဒေါက်တာဇော်မြင့်မောင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်(၆)ဦး၊ အရံဗဟိုအလုပ်အမှုဆောင်(၄)ဦး၊ ဗဟိုကော်မတီဝင်(၅)ဦး၊ ဗဟိုစီးပွားရေးကော်မတီဝင်(၂)ဦးနဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင်(၁)ဦးတို့ လိုက်ပါသွားကြပြီး ချစ်ကြည်ရေးခရီးက စက်တင်ဘာ ၁၅ရက်ကနေ ၁၉ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ဓာတ်ပုံ-NLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013