DVB Logo
Home
မြန်မာသတင်း
မီကို​ ကော်​ဖီမစ်​စက်ရုံ အလုပ်သမားဆန္ဒပြပွဲ နာရီပိုင်းအတွင်း ပြေလည်မှုရရှိ
DVB
·
September 18, 2018
မီကို​ ကော်​ဖီမစ်​စက်ရုံ အလုပ်သမားဆန္ဒပြပွဲ နာရီပိုင်းအတွင်း ပြေလည်မှုရရှိ
Donate to DVB

မန္တလေးတိုင်း​၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်မင်းသားကြီးလမ်း ၆၄ လမ်းနဲ့ ၆၅ လမ်းကြားရှိ မီကိုကော်ဖီမစ်​စက်ရုံက အလုပ်​သမား ၅၀​ ကျော်​ဟာ ဒီနေ့မနက်ပိုင်းက သပိတ်မှောက် ဆန္ဒပြခဲ့ကြရာ အလုပ်​ရှင်​ အလုပ်​သမားတွေ ညှိနှိုင်းခဲ့ကြတဲ့အတွက် အချိန်​ပိုင်း​အတွင်း ပြေလည်မှု ရရှိခဲ့ပါတယ်​။

အလုပ်သမားတွေက တောင်းဆိုချက် ၂၁ ချက် တောင်းဆိုခဲ့ကြရာ အလုပ်ရှင်ဘက်​က တောင်းဆိုချက်အားလုံးကို ပြေလည်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်လို့ အလုပ်ရှင် အလုပ်သမား အငြင်းပွား​နေမှုတွေကို အဆင်​​ပြေ​အောင်​​ ဆောင်​ရွက်​​ပေးသွားမယ်​လို့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်​။

လုပ်​သက် ၁၀ နှစ်​​ကျော်ပြီဖြစ်​တဲ့ မီကိုစက်ရုံအလုပ်သမား ကိုထက်အောင်က “ကျနော်တို့ အလုပ်ပိတ်ရက်တွေမှာ အများပြည်သူ ခံစားခွင့်ရမယ့်ဟာကို မရဘူး​လေ။ ပြီးရင် နိုင်ထက်စီးနင်း လုပ်တာတွေကလည်း အရမ်းများတယ်။ ဖိအားပေးတာတွေ အဲ့ဒါတွေ လက်မခံနိုင်ဘူး။ ကျနော်တို့လုပ်လာတာ လုပ်သက်လည်းကြာလှပြီ ခံစားခွင့်တွေ လိုချင်တယ်။ မ​ပေးဘူး။ မရဘူး။ ဒါ့ကြောင့် သပိတ်မှောက် ဆန္ဒပြကြရတာ” လို့ ပြောပါတယ်။

အချိန်ပိုကြေး​တွေ အပြည့်အဝရရှိရေး၊ ဥပဒေနဲ့မညီတဲ့ ဒဏ်ကြေးတွေ ဖြတ်တောက်တာ မပြုရေး၊ အလုပ်သမား​တွေကို ကိုယ်ထိလက်ရောက်မပြုရေး စတဲ့အချက်​​တွေကို တောင်းဆိုခဲ့ကြပါတယ်​။

အလုပ်သမားတဦးဖြစ်တဲ့ မမျိုးမျိုးလှိုင်က “အခု ကျမတို့ရဲ့ တောင်းဆိုချက်​တွေကို အလုပ်ရှင်ဘက်က အကုန်လိုက်လျောတာ ဝမ်းသာပါတယ်။ ကျမတို့လည်း ကိုယ်ရသင့် ရထိုက်တာနဲ့ ကိုယ့်အလုပ်ခွင်ထဲမှာ ပျော်ပျော်ရွှင်ရွှင် လုပ်ချင်တယ်​​။ ပြီး​တော့ သား​ပြော မယား​ပြော​တွေ လုပ်​တာ​တွေကျ မဖြစ်​သင့်​ဘူး၊ ခုဟာက အလုပ်သမားရပိုင်ခွင့်ကို ထိခိုက်လာလို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်​။

အလုပ်သမား ညှိနှိုင်းဖျန်​​ဖြေ​ရေးအဖွဲ့နဲ့အတူ သက်​ဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်းတွေ၊ ပြည်​ကြီးတံခွန်​မြို့နယ်​ မြို့နယ်အုပ်​ချုပ်​​ရေးမှူးတွေက ဝင်​​ရောက်​ညှိနှိုင်း​ပေးခဲ့ကြတာ ဖြစ်​ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013