DVB Logo
Home
မြန်မာသတင်း
ငါးမင်းဆွေကို ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ် ၁ သိန်းပြစ်ဒဏ်ချမှတ်
DVB
·
September 18, 2018
ငါးမင်းဆွေကို ထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ် ၁ သိန်းပြစ်ဒဏ်ချမှတ်
Donate to DVB

နိုင်ငံတော်အကြီးအကဲကို မေတ္တာပျက်အောင်ပြုလုပ်မှု ပုဒ်မ၁၂၄(က)နဲ့ တရားရင်ဆိုင် နေရတဲ့ ဆောင်းပါးရှင်ငါးမင်းဆွေ (ခေါ်) ဦးမင်းဆွေကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် တစ်သိန်းချမှတ်လိုက်ပါတယ်။

ငွေဒဏ်တစ်သိန်းမပေးဆောင်ပါက ထောင်ဒဏ်တစ်နှစ်ကျခံရမယ်လို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ် စော်ကား ရေးသားခဲ့လို့ ဒုရဲမှူးကြီးသာထွန်းက တရားလိုပြုလုပ်ပြီး ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ အရေးယူပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့ အမှုဖြစ်ပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ၁၂၄(က)မှာ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ ပြည်ထောင်စုအဖွဲ့ဝင်တွေအတွက် ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်ပြုလျင်၊ အားထုတ်လျင်၊ မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ လှုံဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နဲ့ တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့ တစ်သက်ကျွန်းအောက် လျော့တဲ့ တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ  ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဓာတ်ပုံ-Sarminswe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013