DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးကို တိုင်ကြားသည့် မူးယစ်တိုင်ချက် ၇၀၀ ခန့်အနက် အမှု ၅၀၀ ဆောင်ရွက်ပြီးစီး
DVB
·
September 18, 2018
သမ္မတရုံးကို တိုင်ကြားသည့် မူးယစ်တိုင်ချက် ၇၀၀ ခန့်အနက် အမှု ၅၀၀ ဆောင်ရွက်ပြီးစီး
Donate to DVB

နိုင်ငံတော် သမ္မတရုံးကို တိုင်ကြားလာတဲ့ မူးယစ်ဆေးဝါးသတင်းပေါင်း ၇၀၀ လောက်ရှိပြီး အမှု ၅၀၀ ကို ဆောင်ရွက်ပြီးသွားပြီလို့ သမ္မတရုံးက  စက်တင်ဘာ ၁၇ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ ခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးမှုအပါအ၀င် စက်တင်ဘာ ၁၅ ရက်အထိ တိုင်ကြားလာတာ ၆၉၈ မှု၊ ဆောင်ရွက်ပြီးတာ အမှုပေါင်း ၅၀၀၊ အမှုဖွင့်တာက ၂၇၁ မှုဖြစ်ပါတယ်။ စက်တင်ဘာ ပထမပတ်က အမှုပေါင်း ၂၀၉ မှုဖမ်းဆီးထားတာကြောင့် စက်တင်ဘာ ဒုတိယပတ်ထဲမှာ ၆၂ မှုနဲ့ လူပေါင်း ၆၄ ယောက် ဖမ်းဆီးခဲ့တာပါ။

ဇွန်လနောက်ဆုံးပတ်ကနေ အခု စက်တင်ဘာ ၁၅ ရက်နေ့အထိ မူးယစ်မှုနဲ့ အမျိုးသား ၃၅၂ ယောက်၊ အမျိုးသမီး ၆၉ ယောက်၊ စုစုပေါင်း ၄၂၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ ၂၆၂၆ ဒသမ ၉၇ ဂရမ်၊ အိုက်စ် ၁၆ ဒသမ ၇၁ ဂရမ်၊ ဘိန်း ၃၄၈၆၀ ဒသမ ၈၅ ဂရမ်၊ ဘိန်းစာမှုန့် ၅၈၀၂ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်၊ ဘိန်းစာရွက် ၃၉၇၃ ဒသမ ၉၉ ဂရမ်၊ စိတ်ကြွဆေးပြား ၁၄၄၄၁၁ ပြား၊ ဆေးခြောက် ၃၃၅၆ ဒသမ ၇၄ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် သေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၁၇၉ တောင့်၊ လက်ပစ်ဗုံးတလုံးကိုလည်း သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့နေရာတွေကတော့ ရှမ်းပြည်နယ် မဘိမ်း၊ တာလေ၊ တောင်ကြီး၊ ကွတ်ခိုင်နဲ့ ကျိုင်းတုံ၊ ပဲခူးတိုင်း ပြည်၊ တောင်ငူနဲ့ သဲကုန်း၊ စစ်ကိုင်းတိုင်း ကလေး၊ အင်းတော်၊ ဟုမ္မလင်း၊ ရေဦး၊ ကသာနဲ့ မုံရွာ၊ မန္တလေးတိုင်း သာစည်၊ ရန်ကုန်တိုင်း အင်းစိန်၊ သန်လျင်၊ ထန်းတပင်၊ ပန်းပဲတန်းနဲ့ မြောက်ဒဂုံ၊ တနင်္သာရီတိုင်း တနင်္သာရီ၊ မွန်ပြည်နယ် ရေးနဲ့ ကျိုက်မရော၊ နေပြည်တော်၊ ပျဉ်းမနား၊ ကရင်ပြည်နယ် မြဝတီ၊ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တို့ကနေ ဖမ်းဆီးခဲ့တာပါ။

သီးခြားရရှိတဲ့ သတင်းတွေအရ ရှမ်းပြည်နယ် လွိုင်လင်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မဘိမ်း၊ တာချီလိတ်၊ နောင်ချို၊ သိန်းနီနဲ့ ကျိုင်းတုံ၊ ကချင်ပြည်နယ် လွယ်ဂျယ်၊ ကရင်ပြည်နယ် မြဝတီ၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ မောင်တော၊ ကရင်ပြည်နယ် ဘားအံ၊ စစ်ကိုင်းတိုင်း ထီးချိုင့်၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တို့မှာလည်း နယ်မြေရှင်းလင်း ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန် ဗဟိုစာတိုက်ကြီးမှာ နိုင်ငံခြားက ပေးပို့လာတဲ့ စက္ကူချပ်ဖာပုံး တခုထဲကနေလည်း အက်တက်စီ ပုံဆောင်ခဲ ၉၈၀၀ ဂရမ်ဖမ်းမိခဲ့ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၅ ရက်အထိ တပတ်အတွင်း သီးခြားဖော်ထုတ်ဖမ်းဆီးတဲ့ မူးယစ်အမှု ၃၅၇ မှု၊ တရားခံ ကျား ၄၅၃ ယောက်၊ မ ၇၁ ယောက်၊ စုစုပေါင်း ၅၂၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိတဲ့ မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၁၂၂၃၀ ဒသမ ၉၆ ဂရမ်၊ အိုက်စ် ၈၇၁၉၉ ဒသမ ၄၉ ဂရမ်၊ ဘိန်း ၁၃၀၅၁၅ ဒသမ ၅ ဂရမ်၊ စိတ်ကြွဆေးပြား ၁၀၂၇၉၂၆ ပြား၊ ဆေးခြောက် ၈၈၈ ဒသမ ၇ ဂရမ် စတာတွေပါဝင်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ဓာတုပစ္စည်းတွေ၊ သေနတ်မျိုးစုံ ၇ လက်၊ ကျည်မျိုးစုံ ၅ တောင့်တို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်မှာ သမ္မတရုံးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေ ပိုမိုဖမ်းဆီးနိုင်ဖို့ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် အထူးကိစ္စတွေနဲ့ ကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန ဖုန်း ၀၆၇- ၅၉၀ ၂၀၀၊ ဖက်စ် ၀၆၇- ၅၉၀ ၂၃၃ နဲ့ အီးမေးလ် [email protected] ကို တိုင်ကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013