DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဂျပန်ချစ်ကြည်ရေး ယဉ်ကျေးမှုပဒေသာကပွဲ တိုကျိုတွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
September 18, 2018
မြန်မာ-ဂျပန်ချစ်ကြည်ရေး ယဉ်ကျေးမှုပဒေသာကပွဲ တိုကျိုတွင် ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံက ယဉ်ကျေးမှု အဆိုအက အနုပညာရှင်တွေ ပူးပေါင်းကပြ ဖျော်ဖြေတင်ဆက်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ စက်တင်ဘာ ၁၆ ရက်ညက ကျင်းပပါတယ်။

မြန်မာယဉ်ကျေးမှုအကအဖွဲ့က ပန်တျာသန်းဇော်၊ ပန်တျာ သံစဉ်ချို၊ မင်းသားဝေဇင်၊ ဂျပန်မော်ဒယ် ရုပ်ရှင်တီဗွီသရုပ်ဆောင် အယ်မီလင်းနဲ့အတူ မြန်မာပြည်မှာ အကပညာ ဆည်းပူးခဲ့ကြတဲ့ ဂျပန်လူမျိုး အကဝါသနာရှင် ၇ ဦးတို့ကလည်း အော်ပရာ၊ မြန်မာ့ရုပ်သေး၊  မြန်မာ့စောင်းနဲ့ အငြိမ့် နှစ်ပါးသွားအကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပါတယ်။

မြန်မာပြည်မှာ ယဉ်ကျေးမှုအက သင်ကြားခဲ့တဲ့ ယူရီအီရီဖူမီက “မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို  ဂျပန်လူမျိုးတွေ ပိုမိုသိရှိပြီး ပိုမိုစိတ်ဝင်စားလာကြမယ်လို့ မျှော်လင့်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဖျော်ဖြေပွဲကို မြန်မာ့ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ အများအပြား လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013