DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆို​တော်​ ရသပါ ၃ ဦးကို ရုံးထုတ်
DVB
·
September 17, 2018
မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆို​တော်​ ရသပါ ၃ ဦးကို ရုံးထုတ်
Donate to DVB

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆို​တော်​ ရသ (ရဲမင်းသိန်း) ပါ (၃) ဦးကို စက်တင်ဘာလ ၁၇ ရက်က မန္တလေးခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး ရှေ့နေပါဝါတင်ခဲ့ပါတယ်။

ဒီနေ့​တော့ဘာမှမစစ်ဖြစ်ဘူး တရားခံဘက်က ရှေ့နေပါဝါတင်တာပါ။ အောက်တိုဘာလ ၁ရက်နေ့မှပဲ စစ်ဆေးတာတွေလုပ်မယ်လို့ မန္တလေးခရိုင်တရားရုံး တာဝန်ရှိသူတစ်ဦး က ပြောပါတယ်​။

ပြီးခဲ့တဲ့သြဂုတ် ၁၄ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်​ နန်းထိုက်ပန် ဧည့်ရိပ်မွန်ကို သတင်းအရဝင်ရောက် ရှာဖွေရာက ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ(၃) ဦးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က) နဲ့ ဖမ်းဆီးတရားစွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013