ကြားပျံရှယ်
ဝါးတန်းကုန်စည်ဒိုင်မှာ ကြားပျံရှယ် တအိတ်ကို ကျပ် ၅၂၀၀၀ မှ ၅၅၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ထောင် ဈေးတက်သွားပါတယ်။
မြီးဒုံး
ဝါးတန်းကုန်စည်ဒိုင်မှာ မြီးဒုံးဆန်တအိတ်ကို ကျပ် ၄၂၀၀၀ မှ ၄၄၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ထောင် ဈေးတက်သွားပါတယ်။
သီးထပ်ရှယ်
ဝါးတန်းကုန်စည်ဒိုင်မှာပဲ သီးထပ်ရှယ် တအိတ်ကို ကျပ် ၂၃၂၀၀ မှ ၂၄၂၀၀ ပေါက်ဈေးရှိနေပြီး ၇၀၀ ဈေးတက်လာပါတယ်။
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲ FAQ/RC 2018 က တတန်ကို ကျပ် ၄၉၂၅၀၀ ပေါက်ဈေးရှိနေပြီး ကျပ် ၈၅၀၀ ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာပဲ ပဲတီစိမ်း (ပဲခူး၊ ရွှေဝါ၊ ဝါးခယ်မ) က တပိသာကို ကျပ် ၁၅၈၀ မှ ၂၁၇၀ ဈေးရှိနေပြီး ၁၆၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (RC 2017) က တတန်ကို ကျပ် ၄၆၁၅၀၀ ဈေးရှိနေပြီး ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ထောပတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ထောပတ်ပဲ တပိသာကို ကျပ် ၂၄၃၀ ကနေ ၂၇၈၅ ကျပ်ဈေး ရှိနေပြီးတော့ ၁၇၀ ကျပ် ဈေးကျသွားပါတယ်။
ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ ဆိပ်ဖြူ (သစ်)၊ ဆပ်ဖြူ (လတ်ကြီး)၊ ဆိပ်ဖြူ (သန့်)၊ ဆိပ်ဖြူ (ချော) တပိသာကို ကျပ် ၇၀၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိနေပြီး ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











