DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကိုယ်ပိုင်ကျောင်း ၂၀၀ကျော်ဖွင့်လှစ်ထား၊ မှတ်ပုံတင်ကြေး ကျပ်သိန်း ၆၆၀ ကျော် ရရှိ
DVB
·
September 17, 2018
ရန်ကုန်တွင် ကိုယ်ပိုင်ကျောင်း ၂၀၀ကျော်ဖွင့်လှစ်ထား၊ မှတ်ပုံတင်ကြေး ကျပ်သိန်း ၆၆၀ ကျော် ရရှိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကိုယ်ပိုင်ကျောင်း ၂၀၈ ကျောင်းဖွင့်လှစ်ခွင့်ပြုထားပြီး မှတ်ပုံတင်ကြေး ကျပ်သိန်း ၆၆၀ ကျော် ရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးမှာ ဝန်ကြီးက အခုလို ဖြေကြားသွားတာပါ။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းတွေ အနေနဲ့ အထက်တန်း ၁၅၉ ကျောင်း၊ အလယ်တန်း ၁၂ ကျောင်း၊ မူလတန်း ၃၇ ကျောင်းကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုထားပါတယ်။

ကိုယ်ပိုင်မှတ်ပုံတင် ရရှိပြီး ဆရာ၊ ဆရာမ ဦးရေကတော့ အထက်တန်းပြ ၁၃၅၇ ဦး၊ အလယ်တန်း ၈၅၂ ဦး၊ မူလတန်း ၈၁၀ ဦး ရှိပြီး ကျောင်းသားသူ ဦးရေကတော့ အထက်တန်း ၂၂၁၇၁ ဦး၊ အလယ်တန်း ၁၃၆၀၁ ဦး၊ မူလတန်း ၂၁၄၇၉ ဦး တက်ရောက်နေပါတယ်။

ဒီကျောင်းတွေထဲမှာ စမ်းသပ်တစ်နှစ်နဲ့ အသစ်ဖွင့်လှစ်ခွင့်ရကျောင်း ၁၉ ကျောင်း၊ အရင်နှစ်က စမ်းသပ်တစ်နှစ်ခွင့်ပြုခဲ့ပြီး ဒီနှစ်ဆက်လက် ဖွင့်လှစ်ခွင့်ပြုတဲ့ကျောင်း ၅၀ နဲ့ အရင်နှစ်က ယာယီ ၂နှစ် ဖွင့်လှစ်ခွင့်ရထားပြီး ထပ်မံ၂နှစ်ဖွင့်ခွင့်ရ ကျောင်း ၆၀၊ သက်တမ်း ကျန်ကျောင်း ၇၉ ကျောင်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013