DVB Logo
Home
မြန်မာသတင်း
မီဒီယာသမားများနှင့် တိုင်ပင်ပြီးမှ လွှတ်တော်ကိုတင်မည်
DVB
·
August 10, 2012
မီဒီယာသမားများနှင့် တိုင်ပင်ပြီးမှ လွှတ်တော်ကိုတင်မည်
Donate to DVB

မီဒီယာဥပဒေမူကြမ်းကို မီဒီယာသမားတွေကို အရင်ချပြပြီးမှသာ ပြည်သူလွှတ်တော်ကို တင်ပြမယ်လို့ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌ တဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြည်သူလွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မီဒီယာဥပဒေမူကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲနေတာဖြစ်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြရမှာဖြစ်ပါတယ်။

ဒါပေမယ့် မီဒီယာဥပဒေကို မီဒီယာသမားတွေကသာ ရေးဆွဲဖိုဆိုတဲ့ ကန့်ကွက်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးတဲ့နောက် လွှတ်တော်မတင်ခင်မှာ မီဒီယာသမားတွေနဲ့ တိုင်ပင်ဖို့ ကော်မတီဥက္ကဋ္ဌက ဆုံးဖြတ်ရှင်းလင်းလိုက်တာပါ။

ကော်မတီဝင်တဦးဖြစ်တဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက

“မီဒီယာဥပဒေ ဘယ်အခြေအနေ ရောက်နေပြီလဲဆိုပြီး တယောက်က မေးတယ်။ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးအေးမြင့်က ဖြေပေးပါတယ်။ ကျနော်တို့လက်ထဲကို ဥပဒေကြမ်းရောက်တာနဲ့ ပြောထားတဲ့ ကော်မတီတခုက တက်လာ၊ ပြီးတော့ ကျနော်တို့နဲ့ ၀ိုင်းတိုင်ပင်ကြမယ်။ နောက်ပြီး အကြံဥာဏ်ပေးဖို့အတွက် အချိန်လိုမယ်ဆိုရင် အ ချိန်ဆွဲပေးမယ်။ ကျနော်တို့ ကော်မတီက တိုက်ရိုက်သက်ဆိုင်နေတော့ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီနဲ့ တိုင်ပင်ပြီး ဖြစ်သင့်တာ၊ ထည့်သင့်တာ ထည်သွားဖို့ပေါ့။”

ပြန်ကြားရေးဝန်ကြီးဌာနဟာ မီဒီယာဥပဒေရေးဆွဲရာမှာ မီဒီယာသမားတွေရဲ့ အကြံအဥာဏ်ကို မယူတာကို ဦးရဲထွန်းက ဝေဖန်ပါတယ်။

ပြန်ကြားရေးဌာနက ဦးစီးရေးတဲ့ မီဒီယာဥပဒေမူကြမ်းကို လက်မခံဘူးလို့ ထုတ်ပြန်ခဲ့တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသက်ဇင်က မီဒီယာဥပဒေရေးဆွဲရေးမှာ မီဒီယာသမားတွေက ဦးစီးလုပ်ဆောင်ခွင့်ရဖို အရေးကြီးတယ်လို့ ပြောပါတယ်။

“စာနယ်ဇင်းလွတ်လပ်ခွင့်ကို အရင်လိုချင်တာပါ။ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိဘဲနဲ့ စာနယ်ဇင်းအဖွဲ့အစည်းတွေ ဖွဲ့စည်းတာ၊ စာနယ်ဇင်းနဲ့ပတ်သက်တဲ့ ဥပဒေတို့ ပြောနေတာတွေ၊ ဥပဒေကို ရေးဆွဲပြီးမှ အကုန်အချောသတ်ပြီးတော့မှ စာနယ်ဇင်းသမားတွေကို ခေါ်ပြတယ်ဆိုတာက သိပ်ပြီး လက်ခံချင်စရာလည်း မကောင်းဘူး၊ လက်ခံဖို့လည်း မဖြစ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စာနယ်ဇင်းသမားတွေ ပါဝင်တဲ့အဖွဲ့က ရေးဆွဲတာ၊ စာနယ်ဇင်းသမားတွေကိုယ်တိုင် ရေးဆွဲထားတဲ့ဟာကိုမှ အစိုးရကို တင်ပြတာ ဖြစ်ရမယ်လေ။ ဒီကမှ အစိုးရကနေ ပြန်ညှိနှိုင်းရမယ့်ကိစ္စကို အစိုးရကနေ ပြထားတဲ့ဟာကို စာနယ်ဇင်းသမားတွေက နောက်ဆုံးကျမှ သိရမှာကတော့ ခေါ်ပြတဲ့သဘောလောက်ပဲ ဖြစ်တာမို့ ဒါကိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။”
ပြည်သူလွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဟာ အရပ်ဘက်အဖွဲ့စည်းနဲ့ မိဒီယာဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာတွေကို ပြည်သူ့လွှတ်တော်ကို တင်ပြရတဲ့ ကော်မတီတရပ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013