DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့ လုံခြုံရေးအတွက်​ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ကင်းလှည့်ဆောင်ရွက်နေ
DVB
·
September 17, 2018
မြင်းခြံမြို့ လုံခြုံရေးအတွက်​ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ကင်းလှည့်ဆောင်ရွက်နေ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ပေါ်ရပ်​ကွက်​တွေ လုံခြုံရေးအတွက်​ ရဲတပ်ဖွဲ့က အဖွဲ့ ၄ ဖွဲ့ခွဲကာ စတင်​​ဆောင်​ရွက်​​နေပြီလို့ မြင်းခြံမြို့မ ရဲစခန်း တာဝန်​ရှိသူ တဦးက ​ပြောပါတယ်​။

ရဲတပ်​ဖွဲ့ဝင်​တွေနဲ့အတူ မြို့​ပေါ်ရပ်​ကွက်​ ၂၀ ကအုပ်​ချုပ်​​ရေးမှူးတွေ၊ ပရဟိတလူငယ်​တွေ၊ တက်​ကြွလှုပ်​ရှားသူတွေနဲ့အတူ ဆိုင်​ကယ်​အဖွဲ့တွေ၊ ရဲကား ၂ စီးနဲ့ အင်​အား ၄၀ ခန့်​ပါဝင်​ကာ မြို့လုံခြုံရေးအတွက်​ စတင်​​ဆောင်​ရွက်​​နေတာလည်း ဖြစ်​ပါတယ်​။

မြင်းခြံမြို့မရဲစခန်း တာဝန်​ရှိသူက "ကျ​နော်​တို့ စက်​တင်​ဘာ ၁၆ ရက်​ ညပိုင်းက စတင်​ပြီး မြင်းခြံမြို့​ပေါ်ရပ်​ကွက်​ ၂၀ အတွင်းနဲ့ ဗိုလ်​ချုပ်​လမ်းမကြီး​ပေါ်သို့ အဖွဲ့ ၄ ဖွဲ့ခွဲပြီး၊ ​အေးချမ်းသာယာ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ခိုး၊ဆိုး၊လု၊ နှိုက်​မှု ပ​ပျောက်​​ရေးအတွက်​ မြို့မရဲစခန်းက ရဲတပ်​ဖွဲ့ဝင်​တွေ၊ ပရဟိတလူငယ်​တွေနဲ့ ရပ်​ကင်းဝပ်​ကင်း၊ လှည့်ကင်းတွေ ​ဆောင်​ရွက်​တာနဲ့ ပိတ်​ဆို့စစ်​​ဆေး​ဆောင်​ရွက်​တာတွေ စတင်​လုပ်​​ဆောင်​​နေတယ်​”လို့ဒီဗွီဘီ ကို​ပြောပါတယ်​။

မြို့ခံ ပရဟိတလူငယ်​ ကို​ကျော်​နိုင်​က "ကျ​နော်​တို့ မြို့လုံခြုံရေးအတွက်​ ရက်​သတ္တပတ်​ ၁ ပတ်​ပြုလုပ်​သွားမှာပါ။ အဓိက မြို့လုံခြုံရေးအတွက်​ပါ။ မြို့​ပေါ်ရပ်​ကွက်​​တွေမှာ အဓိက လုံခြုံရေးအားနည်း​နေ​တော့ မကြာခဏဆိုသလို လုယက်​မှု​တွေ၊ ဓားထိုးမှု​တွေ၊ ရိုက်​နှက်​ ရန်​ဖြစ်​မှု​တွေ ကြုံ​နေရတယ်​။ မိမိတို့ မြို့ပေါ်ရပ်​ကွက်​​တွေ ​အေးချမ်းသာယာဖို့က အ​ရေးကြီး ပါတယ်​။ ပြီး​တော့ ပြည်​သူ​တွေနဲ့ လူမှုအဖွဲ့အစည်း​တွေလည်း ပူး​ပေါင်းပါဝင်​ဖို့က အ​ရေးကြီး ပါတယ်​။ မြို့​ပေါ် ရပ်​ကွက်​​တွေ မလုံခြုံဘူးဆိုရင်​ ပြည်​သူ​တွေ နှစ်​နာမှာ​တော့ အမှန်​ပဲ”လို့ ဆိုပါတယ်​။

ပြီးခဲ့တဲ့ လထဲက မြင်းခြံမြို့ပေါ်နဲ့ ရပ်​ကွက်​​တွေ ညပိုင်း​တွေမှာ ဆိုင်​ကယ်​စီးပြီး လက်​ကိုင်​ဖုန်း လုယက်​တာ​တွေ၊ ဓားထိုးမှု​တွေ၊ ရိုက်​နှက်​ရန်​ဖြစ်​တာ​တွေဟာ မကြာခဏ ဖြစ်​ပွား​နေတာ​ကြောင့် မြို့နယ်​ရဲတပ်​ဖွဲ့က လုံခြုံရေးအားနည်းပြီး အခင်းဖြစ်​ပွားရင်​လည်း တရားခံကိုဖမ်းမိတာမရှိတဲ့အတွက်​ လူမှုကွန်​ယက်တွေနဲ့ ပြည်​သူ​တွေအကြားမှာ ​ဝေဖန်​မှု​တွေ အမျိုးမျိုး ထွက်​​ပေါ်​နေတာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013