DVB Logo
Home
မြန်မာသတင်း
အင်းတော်ဈေးနှင့် ဆေးဆိုင်များတွင် ရက်လွန်မှိုတက်စားသောက်ကုန်များစစ်ဆေးတွေ့ရှိ
DVB
·
September 17, 2018
အင်းတော်ဈေးနှင့် ဆေးဆိုင်များတွင် ရက်လွန်မှိုတက်စားသောက်ကုန်များစစ်ဆေးတွေ့ရှိ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိဈေးနဲ့ ဆေးဆိုင်တွေကို စက်တင်ဘာ ၁၇ ရက်မနက်က ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ ရက်လွန်မှိုတက် စားသောက်ကုန်တွေ စစ်ဆေးတွေ့ရှိတယ်လို့ အင်းတော်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာမှ ဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။

အင်းတော်မြို့မှာရှိတဲ့ မုန့်ရောင်းချတဲ့ဈေးဆိုင်တွေနဲ့ ဆေးဆိုင်တွေကို စည်ပင်၊ မီးသတ်၊ စားသုံးသူဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဦးစီးမှူးဦးကြည်နိုင်ဦးက “မြို့မဈေးရှိ မုန့်ရောင်းချတဲ့ ဈေးဆိုင်တွေမှာ ရက်လွန် မှိုတက်စားသောက်ကုန်တွေရောင်းချနေတာ အများဆုံး စစ်ဆေးတွေ့ရှိရပါတယ်။ ဆက်လက်မရောင်းချဖို့ သတိပေးတားမြစ်ခဲ့တယ်။ နမူနာပစ္စည်း တချို့သိမ်းဆည်းခဲ့တယ်။ ဆက်လက်ရောင်းချနေတယ်ဆိုရင် ကသာခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တင်ပြပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

အင်းတော်မြို့မ ဈေးအတွင်းရှိ စားသောက်ကုန်ရောင်းချတဲ့ ဈေးဆိုင်တွေကို ရက်လွန် မှိုတက်ဆိုးဆေး အလွန်အကျွံသုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းဖို့ဆွေးနွေး အသိပညာပေးတာ၊ ဓာတ်ခွဲစမ်းသပ်ဖို့ ပစ္စည်းနမူနာသိမ်းဆည်းတာနဲ့ သတိပေးတား မြစ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013