DVB Logo
Home
မြန်မာသတင်း
တီအန်အယ်လ်အေ ဖမ်းဆီးထားသည့် နန်းမိုဟွမ် လွတ်မြောက်ရေး  နမ့်ခမ်းမြို့၌ဆန္ဒပြ
DVB
·
September 17, 2018
တီအန်အယ်လ်အေ ဖမ်းဆီးထားသည့် နန်းမိုဟွမ် လွတ်မြောက်ရေး  နမ့်ခမ်းမြို့၌ဆန္ဒပြ
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ကလေး ၃ ယောက်မိခင် နန်းမိုဟွမ်ကို တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာ တလပြည့်တဲ့အထိ ပြန်မလွှတ်ပေးတဲ့အတွက် မြို့ခံတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

နန်းမိုဟမ်ကို အမြန်ဆုံး  ချက်ချင်း ပြန်လွှတ်ပေးဖို့၊ ပြည်သူလူထုထံမှ မတရား ဆက်ကြေးကောက်တာ ချက်ချင်း ရပ်ပေးဖို့၊ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး တို့အရေး၊ တရားဥပဒေစိုးမိုးရေး တို့အရေး အစရှိတဲ့ ဆိုင်းဘုတ်ပိုစတာ ကြွေးကြော်သံတွေနဲ့အတူ မြို့ခံ ပြည်သူ ၁၀,၀၀၀ ကျော် ဆန္ဒပြခဲ့တယ်လို့  ဆန္ဒပြပွဲဦးဆောင်သူ လူငယ်ခေါင်းဆောင် စိုင်းသိန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့မနက် ကျနော်တို့ နမ့်ခမ်းဆေးရုံကြီးတောင်ခြေမှာ  ၈ နာရီခွဲလောက်က လာစုေ ၀းပြီး ၉ နာရီထိုးတာနဲ့ လမ်းစလျှောက်တယ်။ မြို့ထဲမှာ လှည့်လည်ဆန္ဒပြပြီးရင် နမ့်ခမ်းမြို့လည် ဘုရားမှာ စုဝေးကြပါမယ်။ လူကတော့ တစ်သောင်းကျော်မယ်လို့ ခန့်မှန်းပါတယ်ခင်ဗျ၊ နမ့်ခမ်း မြို့ပေါ်ရပ်ကွက်နဲ့ အနီးနားကျေးရွာကလူတွေလည်း လာတယ်။ အရင်က တီအန်အယ်လ်အေ ဖမ်းတာခံရဖူးသူတွေရဲ့ မိသားစုတွေလည်းပါတယ်။ နန်းမိုဟွမ်ကို ဖမ်းသွားတာ တလပြည့်ပြီ လေ၊ မိသားစုဆီကို ဘာမှလည်း အကြောင်းမကြား၊ ဘယ်မှာရှိမှန်းလဲ မသိရ၊ သူ့ကလေးအငယ် ၂ ယောက်က အမေကို လွမ်းဖျားဖျားပြီး နေမကောင်းဖြစ်နေတယ်။ ဘော်ဒါဆောင်မှနေတဲ့ သားကြီးကိုတော့ ဆယ်တန်းဖြေမှာမို့ အသိမပေးရဲဘူး။ သူတို့အဖေ နန်းမို ဟွမ်ယောကျိားက တိမ်းရှောင်နေတယ်။ အဓိကက သူ့ယောက်ျားကို ဖမ်းချင်တာလို့လည်း သတင်းတွေ ထွက်နေလို့လေ၊ သူတို့ မိသားစုတွေ တကွဲတပြားဖြစ်နေရတာပေါ့။”

နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း နမ့်ခမ်းမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြတဲ့ညနေပိုင်းမှာ တီအန်အယ်လ်အေက သူမကို နောက်ထပ် ၄-၅ ရက်နေ ပြန်လွှတ်ပေးမယ်လို့တဆင့်စကား ကြားသိရပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ နန်းမိုဟွမ်ကို ဆွေမျိုးတွေရှေ့မှာ တရားစီရင်မှာမို့ အဆင်သင့်ပြင်ထားဖို့  အကြောင်းကြား လာပေမယ့် ကနေ့ထိဘာမှသတင်းမရတော့ဘူးလို့ စိုင်းသိန်းရွှေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်နေ တအာင်းအမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကတော့ သူတို့ပါတီအနေနဲ့ ဒီဖြစ်ရပ်အပေါ် လွန်စွာစိတ်မသက်မသာဖြစ်ရပြီး၊ နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် တီအန်အယ်လ်အေနဲ့ မကြာခဏ သွားရောက်ညှိနှိုင်း ပေမယ့် အဆင်မပြေဘူးလို့ ဒီဗွီဘီကို ပြောပါ တယ်။

“ကျနော်တို့ ပါတီအနေနဲ့ တီအန်အယ်လ်အေနဲ့ ခဏခဏညှိနှိုင်းပေမယ့် အဆင်မပြေ ပါဘူးခင်ဗျာ။ ကျနော်တို့ တအာင်းစာပေယာဉ်ကျေးမှုအဖွဲ့က စေ့စပ်ညှိနှိုင်းရေးအဖွဲ့လည်းရှိ တယ်။ အဲဒီအဖွဲ့လည်း ညှိနှိုင်းပေးလို့မရဘူး၊ သူတို့ (တီအန်အယ်လ်အေ) အတွင်းရေးကိစ္စ လားဘာလားတော့မသိဘူး။ ညှိလို့မရဘူး။ ဒီလိုအကြာကြီးဖမ်းထားတာတော့ ကောင်းတာ တော့ မကောင်းဘူးပေါ့ဗျာ။ ပလောင်အမျိုးသမီးတွေ ပြန်ဖမ်းမယ်လို့ ကောလဟာလတွေ ကြားတော့လည်း စိုးရိမ်စရာဖြစ်တာပေါ့။”

တီအန်အယ်လ်အေအဖွဲ့က  နန်းမိုဟွမ်ဟာ PSLF/TNLA ရဲ့ ၀န်ထမ်း တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် အပြင်းအထန်ထိခိုက်သေဆုံးသည်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့ တာကြောင့် PSLF/TNLA ရဲ့ ဗဟိုတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၃၃နဲ့ အမှုဖွင့်အရေး ယူထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013