DVB Logo
Home
မြန်မာသတင်း
မယ်လအူးဒုက္ခသည်စခန်း မြေပြိုမှု ၁၁ ဦးဒဏ်ရာရ၊ ၈ ဦးပျောက်ဆုံး
DVB
·
September 17, 2018
မယ်လအူးဒုက္ခသည်စခန်း မြေပြိုမှု ၁၁ ဦးဒဏ်ရာရ၊ ၈ ဦးပျောက်ဆုံး
1 / 7
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက  မယ်လအူး ကရင်ဒုက္ခသည်စခန်းမှာ စက်တင်ဘာ၁၆ ရက်ညက မိုးသည်း ထန်စွာရွာသွန်း မြေပြိုမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးကာ လူ ၁၁ ဦးဒဏ်ရာရရှိပြီး  ၈ ဦးပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေကျဆင်းသလို မြေပြိုမှုကြောင့် ဒုက္ခသည် စခန်းရဲ့ အမှတ် ၁ ရပ်ကွက်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာပါ။

မြေပြိုမှုကြောင့် လူနေအိမ်ခြေ ၅ လုံး လုံးဝပျက်စီးသွားသလို နောက်ထပ် နေအိမ် ၉ လုံးကလည်း နေထိုင်လို့မရတော့အောင် ပျက်စီးသွားတယ်လို့ ကရင်ဒုက္ခသည်ကော်မတီ ပြောခွင့်ရသူ စောဘွေက ပြောပါတယ်။

ပျောက်ဆုံးသူတွေထဲက ကလေးတဦးရဲ့အလောင်းကို ပြန်တွေ့ပြီဖြစ်ပြီး ကျန်သူတွေ ကိုတော့ ဒီနေ့မနက် ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

မြေပြိုမှုကြောင့်လူနေအိမ်တွေအပြင် ဘုရားကျောင်းနဲ့ တခြားစခန်းအဆောက်အုံတွေ လည်း ပျက်စီးသွားပါတယ်။

မယ်လအူးဒုက္ခသည် စခန်းဟာ ၂၀၀၄ ခုနှစ်မှာ ကရင်စစ်ဘေးရှောင်လာသူတွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ လူဦးရေ ၁၅၀၀၀ကျော် ခိုလှုံ နေထိုင်နေကြပါတယ်။

ဓာတ်ပုံ - Saw Bway, Sanio So

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013